Sunday, April 12, 2020

အမြန် ကား များ

အမြန် ကား များ



racing car drivers ပြိုင် ကား မောင်း သူ များ သည် အမြန် ကား များ ကို race track ပြိုင် ပွဲ လမ်း ကြောင်း ကို ပတ် ၍ မောင်း ပါ သည်။ အလွန် တော် သော ကား သမား များ သာ အမြန် ကား များ ကို မောင်း နိုင် ကြ ပါ သည်။


ပြိုင် ကား မောင်း သူ များ သည် သူတို့ ကိုယ် တိုင် ကား ပြင် စရာ မလို ပါ။ သူတို့ အဖွဲ့ ဝင် များ က ကား ပြိုင် ကွင်း နှင့် ကပ် လျှက် ပြိုင် ကား များ ဓာတ် ဆီ ဖြည့် ရန် ၊ ဘီးလ် လဲ ရန် စသည် အတွက် ခေတ္တ ဝင် ထိုး နိုင် သော နေ ရာ တွင် ကား များ ကို ပြင် ပေး ကြ ပါ သည်။ 


ပြိုင် ကား မောင်း သူ များ သည် ကား ပြိုင် ကွင်း ကို ပတ် ၍ ပြိုင် ကား အချင်း ချင်း အ ပြိုင် မောင်း ကြ ပါ သည်။ အဘယ် သူ သည် အမြန် ဆုံး ကား မောင်း သူ ဖြစ် သည် ကို သူတို့ သိ ချင် ကြ ပါ သည်။

ပြိုင် ကား မောင်း သူ များ သည် helmet ဦး ထုပ် ဆောင်း ပြီး special clothes အထူး စပ ရှယ် အဝတ် စား များ ကို ဝတ် ဆင် ရ ပါ သည်။ 
သူတို့ တိုက် ခိုက် မိ လျှင် အထူး စပရှယ် အဝတ် စား များ နှင့် ဦး ထုပ် က ကား မောင်း သူ ကို အန္တ ရယ် မှ ကာ ကွယ် ပေး ရန် ဖြစ် ပါ သည်။

ပြိုင် ပွဲ ဝင် နေ စဉ် ပြိုင် ပွဲ အရှေ့ ဆုံး ကို ရောက် ရန် တကား နှင့် တကား အလု အယက် ကြိုး စား ကျော် တက် ကြ ပါ သည်။ သူတို့ အထူး သတိ ထား ပြီး မောင်း ကြ ရ ပါ သည်။

ပြိုင် ပွဲ တွင် အနိုင် ရ ခြင်း သည် ပြိုင် ကား မောင်း သူ အတွက် အကောင်း ဆုံး အရာ ဖြစ် သည်။
အကွက် အဆင် ပါ သော အလံ ကို ဖြတ် ကျော် ခဲ့ သော ပထမ ဦး ဆုံး ကား သည် အောင် ပန်း ကို ဆွတ် ခူး သော သူ ဖြစ် ပါ သည်။

မည် သူ မျှ နောက် ဆုံး တွင် မ ကျန် နေ ချင် ပါ။


racing car driver ပြိုင် ကား မောင်း သူ
helmet ဦး ထုပ်
special clothes အထူး စပ ရှယ် အဝတ် စား များ



Tuesday, April 7, 2020

င်္ခြသေ့ အမြီး ရှာ ခြင်း


င်္ခြသေ့ အမြီး ရှာ ခြင်း


တနေ့ တွင် lion ခြင်္သေ့ ကြီး မြေ ကြီး ပေါ် မှာ ထိုင် နေ တုန်း သူ့ ခေါင်း ကို လှည့် လိုက် တော့၊ "ဟာ ငါ့ tail အမြီး ဘယ့် နှယ့် ကြောင့် မ ရှိ တော့ တာ ပါ လိမ့်။"

mouse ကြွက် ကလေး က ကူ ရှာ ပေး တယ်။ half day နေ့ တဝက် သာ ကုန် သွား ရော အမြီး ရှာ မတွေ့ ဘူး။

monkey မျောက် ကလေး က ကူ ရှာ ပေး တယ်။ နေ့ တဝက် သာ ကုန် သွား ရော အမြီး ရှာ မတွေ့ ဘူး။

turtle လိပ် ကလေး က ကူ ရှာ ပေး တယ်။ "နင် ရော ရှာ တွေ့ နိုင် မလား" လို့ ခြင်္သေ့ က မေး တယ်။

လိပ် ကလေး က ခြင်္သေ့ နောက် ကျော ကို ကြည့် ပြီး stand up please "ထ လိုက် ပါ" လို့ ပြော ပါ တယ်။

နောက် တော့ လိပ် ကလေး က "တွေ့ ပြီ၊ တွေ့ ပြီ ၊ နင့် အမြီး က နင့် ဖင် အောက် မှာ လေ" လို့ အော် ပြော လို်က် တယ်။

ခြင်္သေ့ က လိပ် ကလေး ကို "နင် တကယ် တော် တာ ပဲ" လို့ ပြော လိုက် ပါ တယ်။

lion ခြင်္သေ့
monkey မျောက်
tail အမြီး

တံခါး သုံး ပေါက်


တံခါး သုံး ပေါက်


pig ဝက် ကလေး တ ကောင် သည် three doors တံခါး သုံး ပေါက် ပါ သော အိမ် သစ် တစ် လုံး ကို ဆောက် နေ ပါ သည်။ တပေါက် က အကြီး ၊ တ ပေါက် က အသေး ၊ တပေါက် က မသေး မ ကြီး။

hen ကြက် မ ကြီး လာ လည် သော အခါ တံခါး ပေါက် အသေး က ကြို ဆို ပါ သည်။

ကြောင် ဝါ လေး လာ လည် သော အခါ တံခါး ပေါက် အလတ် က ကြို ဆို ပါ သည်။

panda ပန်ဒါ လာ လည် သော အခါ တံခါး ပေါက် အ ကြီး က ကြို ဆို ပါ သည်။

တံခါး ပေါက် အကြီး က not big enough လုံ လောက် အောင် မကြီး ဖြစ် နေ သည်။ ပန် ဒါ တံခါး ပေါက် မှာ တစ် နေ သည်။ အထဲ သို့ ဝင် လို့ မရ ပါ။

ဝက် ကလေး ၊ ကြက် မ ကြီး နှင့် ကြောင် ဝါ လေး တို့ အတူ တွန်း ထည့် ကြ သော် လည်း ပန် ဒါ ဝင် မ ရ ပေ။

တံခါး သုံး ပေါက် ကို တပေါက် တည်း အကြီး ကြီး အဖြစ် ပြင် လိုက် တော့ ကြက် မ ကြီး၊ ဝက် ကလေး နှင့် ကြောင် ဝါ လေး တို့ အတူ တကွ တံခါး ပေါက် က နေ ဝင် လို့ ရ သွား ပါ သည်။

three doors တံခါး သုံး ပေါက်
hen ကြက် မ
panda ပန်ဒါ

နား ရွက် များ


နား ရွက် များ


ကျွန်တော့် ears နား ရွက် များ သည် ကျွန်တော် ၏ head ခေါင်း ပေါ် မှာ ရှိ ကြ သည်။

သို့ သော် ဒီ animals တိရိ စ္ဆာန် တို့ ၏ နား ရွက် များ သည် ဘယ် မှာ ရှိ ကြ သနည်း။

ဤ ostrich ငှက် ကုလား အုပ် တွင် နား ရွက် များ ရှိ ပါ သည်။ ။ သင် မြင် ရ ပါ သလား။
သူ့ နား များ သည် သူ့ ခေါင်း ပေါ် တွင် ရှိ ကြ ပါ သည်။

ဤ lizard ဖွတ် တွင် နား ရွက် များ ရှိ ကြ ပါ သည်။ ။ သင် မြင် ရ ပါ သလား။
သူတို့ နား များ သည် သူတို့ neck လည် ပင်း ပေါ် တွင် ရှိ ကြ ပါ သည်။

ဤ frog ဖား တွင် နား ရွက် များ ရှိ ကြ ပါ သည်။ ။ သင် မြင် ရ ပါ သလား။
သူတို့ နား များ သည် သူတို့ near its eyes မျက် လုံး နား တွင် ရှိ ကြ ပါ သည်။

ဤ grasshopper နှံ ကောင် တွင် နား ရွက် များ ရှိ ကြ ပါ သည်။။ သင် မြင် ရ ပါ သလား။
သူတို့ နား များ သည် သူတို့ body ခန္ဓာ ကိုယ် ပေါ် တွင် ရှိ ကြ ပါ သည်။

ဤ mosquito ခြင် ကောင် တွင် နား ရွက် များ ရှိ ကြ ပါ သည်။ သင် မြင် ရ ပါ သလား။
သူတို့ နား များ သည် သူတို့ feelers ဦး မှင် များ ပေါ် တွင် ရှိ ကြ ပါ သည်။

ဤ cricket ပုရစ် တွင် နား ရွက် များ ရှိ ကြ ပါ သည်။ သင် မြင် ရ ပါ သလား။
သူတို့ နား များ သည် သူတို့ legs ခြေ ထောက် များ ပေါ် တွင် ရှိ ကြ ပါ သည်။

head ခေါင်း
neck လည် ပင်း
legs ခြေ ထောက် များ
eyes မျက် လုံး များ

စာ အုပ် ဆိုင် သရဲ


စာ အုပ် ဆိုင် သရဲ


ဦး ညို အ ကြိုက် ဆုံး အရာ သုံး မျိုး မှာ ghost သရဲ အကြောင်း စာ အုပ်၊ cheese ချိစ်၊ နှင့် ကြောင် များ ဖြစ် ပါ သည်။
"ငါ book store စာအုပ် ဆိုင် တစ် ဆိုင် ဝယ် ရ မယ်" လို့ ဦး ညို က ပြော ပါ သည်။

ပြော တဲ့ အတိုင်း သူ ဝယ် လိုက် ပါ သည်။
သရဲ အကြောင်း စာ အုပ် များ ကို သာ သူ ရောင်း ပါ သည်။

"ငါ့ မှာ သူငယ် ချင်း လို တယ်။ ငါ ကြောင် တကောင် မွေး မယ်" လို့ သူ က ပြော ပါ သည်။

ပြော တဲ့ အတိုင်း သူ လုပ် လိုက် ပါ သည်။ သူ့ ကြောင် က သူများ ကြောင် များ နှင့် မတူ ပါ။ သူ က ငါး မ ကြိုက် ပါ။ သို့ သော် ချိစ် ကို ကြိုက် ပါ သည်။
ဦး ညို နှင့် သူ့ ကြောင် သည် မနက် စာ ၊ နေ့ လည် စာ၊ ညစာ ကို ချိစ် ကို စား ပါ သည်။
သူတို့ သည် စာအုပ် ဆိုင် အပေါ် ထပ် တွင် နေ ပါ သည်။
ကြွက် များ သည် လည်း သူတို့ အိမ် တွင် နေ ကြ ပါ သည်။


တနေ့ တွင် အမျိုး သမီး တစ်ဦး စာ အုပ် ဝယ် ရန် လာ ပါ သည်။ သူမ ကြွက် တကောင် ကို တွေ့ သော အခါ "အီး"ဟု အော် ပြီး ဆိုင် ထဲ က ထွက် ပြေး သွား ပါ သည်။

လူ တယောက် လည်း ထို့ အတူ ထွက် ပြေး သွား ပါ သည်။
"ကြောင် နက် စာ အုပ် ဆိုင် က ကြွက် တွေ ရှိ တယ်" လို့ သူတို့ က ပြော ကြ ပါ သည်။
ဘယ်သူ မှ စာ အုပ် ဆိုင် ကို မလာ ချင် ကြ ပေ။

ဒီ တော့ ဦး ညို က သူ့ ကြောင် ကို ပြော တယ်။ "နင် က ကြောင်။ ကြွက် တွေ ကို နင် ဖမ်း ရ မှာ။" ဒီ တော့ ကြောင် က ကြွက် အိမ် ပေါက် ကို သွား တယ်။ ကြွက် တွေ ကြောက် သွား ကြ တယ်။

သို့ သော် ကြောင် က ပြော တယ်။ "ငါ က တခြား ကြောင် တွေ နဲ့ မတူ ဘူး။ ကြွက် တွေ ကို ကြိုက် တယ်။" ကြောင် နှင့် ကြွက် များ က အတူ ဆော့ ကြ ပါ သည်။
ဦး ညို က မကျေ နပ် ပေ။ "ဒီ ကြွက် တွေ က လူ တွေ ကို ထွက် ပြေး အောင် လုပ် တယ်" လို့ သူ က ပြော သည်။

"သူတို့ ငါ့ စာ အုပ် ဆိုင် ကို မလာ ရင် ငါ ဆိုင် ပိတ် ရမှာ။ ငါ မင်း ကို ကြွက် တွေ ကို ဖမ်း ဖို့ ၃ရက် အချိန် ပေး မယ်" လို့ ကြောင် ကို ပြော လိုက် သည်။ မနက် ဖြန် က ၁ ရက် နေ့ ပဲ။

"ဦး ညို က ပြော တယ် ။ မင်း တို့ က လူ တွေ ကို ထွက် ပြေး အောင် လုပ် တယ်" လို့ ကြောင် က ကြွက် တွေ ကို ပြော လိုက် သည်။ "ဒါ ပေ မဲ့ ဒီ ဆိုင် က သရဲ စာ အုပ် ရောင်း တဲ့ ဆိုင် လေ" လို့ ကြွက် တကောင် က ပြော ပါ သည်။ "ဒီ တော့ ကြောက် စရာ ကောင်း သင့် တာ ပေါ့။ ငါ့ မှာ အစီ စဉ် ရှိ တယ်" လို့ ကြောင် က ပြော ပါ သည်။

ပထမ နေ့ ကို ရောက် လာ သည်။
ပထမ နေ့ အစီ စဉ် စ ပါ သည်။ 
ကောင် လေး တယောက် စာ အုပ် ဆိုင် နား ဖြတ် သွား သည်။

"ဝုန်း။"
စာ အုပ် တအုပ် စင် ပေါ် က ကျ လာ သည်။
"ဗုန်း။"
နောက် တအုပ် လည်း ကြမ်း ပေါ် ကျ လာ သည်။
"မင်း တွေ့ လိုက် လား"လို့ ကောင် လေး က ပြော ပါ သည်။ သူ ဆိုင် ထဲ ဝင် သွား သည်။

"ဝုန်း။" "ဗုန်း။"
စာ အုပ် အများ ကြီး ကျ လာ သည်။
"ကြောင် နက် စာ အုပ် ဆိုင် က တကယ် သရဲ ရှိ တယ်" လို့ ကောင် လေး က ပြော သည်။ ထို့ နောက် သူ့ သူငယ် ချင်း များ ဆိုင် ကို ရောက် လာ ပါ သည်။

နှစ် ရက် မြောက် နေ့ ရောက် လာ သည်။
နှစ် ရက် မြောက် နေ့ အစီ စဉ် စ သည်။
သရဲ အလွန် အလုပ် ရှုပ် ပါ သည်။ စတိုး ဆိုင် လည်း အလွန် အလုပ် ရှုပ် ပါ သည်။ လူ တိုင်း က သရဲ ကို မြင် ချင် ကြ ပါ သည်။ ကြောင် က ကျေ နပ် သံ နှင့် အော် မြည် ပါ သည်။ သူမ အစီ စဉ် က အလုပ် ဖြစ် သော ကြောင့် ဖြစ် သည်။

သုံး ရက် မြောက် နေ့ ရောက် လာ သည်။ ဆိုင် က ရှုပ် သထက် ရှုပ် လာ သည်။
ညနေ စောင်း တော့ စာအုပ် တအုပ် ပဲ ကျန် ပါ သည်။
"ငါ စာ အုပ် ဆိုင် ပိတ် ဖို့ မလို တော့ ဘူး ပေါ့" လို့ ဦး ညို က ကြောင် ကို ပြော ပါ သည်။ 
"ငါ တို့ ဒီ နေ့ ည ဧည့် ခံ ပွဲ ကျင်း ပ ကြ မယ်။ ငါတို့ ချိစ် တွေ နဲ့ အကြီး အကျယ် ဧည့် ခံ မယ်။"

"ငါ့ သရဲ ကို ငါ ကြိုက် တယ် ဒါ ပေမဲ့ အဲ့ဒီ ကြွက် တွေ ကို တော့ ငါ မ ကြိုက် ဘူး "လို့ ဦး ညို က ပြော သည်။
"မင်း သူ တို့ ကို ဖမ်း လို့ မိ ပြီ လား ။"
ကြောင် က ကျေ နပ် သံ နဲ့ အော် မြည် တယ်။
သူမ ဦး ညို ခြေ ထောက် ကို ပွတ် သတ် နေ သည်။ ထို နောက် သူမ ထွက် သွား သည်။
"ငါ မင်း နောက် လိုက် ခဲ့ ရ မှာ လား" လို့ ဦး ညို က မေး လိုက် သည်။
သူ က ကြောင် နောက် က နေ စာ အုပ် ဆိုင် ဆီ သို့ လိုက် လာ ပါ သည်။
"အင်း ငါ သရဲ ကို တွေ့ ချင် တွေ့ ရ မှာ" လို့ သူ က ပြော သည်။

ကြွက် များ က သူ့ ကို စောင့် နေ ကြ သည်။
သူတို့ က နောက် ဆုံး စာအုပ် ကို တွန်း ချ လိုက် သည်။
"ဗုန်း။"
ကြွက် များ က ဦး ညို ကို ကြည့် နေ ကြ သည်။
ဦး ညို က လည်း ကြွက် များ ကို ကြည့် နေ သည်။ "အော် ငါ သိ ပြီ" လို့ ဦး ညို ပြော လိုက် သည်။

"သရဲ တွေ က ချိစ် ကြိုက် လား"လို့ ဦး ညို က ကြွက် များ ကို မေး သည်။

အဲ့ဒီ က စ ပြီး သူတို့ အတူတူ နေ ထိုင် ကြ ပါ သည်။ စာ အုပ် ဆိုင် သည် စည် ကား မြဲ စည် ကား ပါ သည်။ ဦး ညို ကြိုက် တဲ့ အရာ များ က သရဲ စာ အုပ် များ ၊ ချိစ် ၊ သူ့ ကြောင် နှင့်….. သူ့ သရဲ ။ 

ghost သရဲ
cheese ချိစ်
book store စာအုပ် ဆိုင်