Saturday, April 4, 2020

ပင့် ကူ နှင့် ပျား အုံ


ပင့် ကူ နှင့် ပျား အုံ


တနေ့ တွင် spider ပင့် ကူ က hungry ဗိုက် ဆာ နေ၏။ ဒါ နဲ့ သူက ကောင် လေး ကို မေး တယ်။ "နင် ငါ့ ကို အကောင်း ဆုံး plum ဇီး ပင် တွေ ဆီ ပို့ ပေး ပါ လား ။"
ကောင် လေး က သဘောတူ လိုက် တယ်။


သူတို့ တော ထဲ က ကောင် လေး ကြိုက် တဲ့ ဇီး ပင် ကို သွား ကြ တယ်။ ပင့် ကူ က အရမ်း လော ဘ ကြီး သွား တယ်။ သူ ဘယ်သူ့ ကို မှ မမျှ ဝေ ပဲ အသီး အကုန် စား လိုက် တယ်။

ပင့်ကူ သူ့ ဗိုက် ကို ပွတ် လိုက် တယ်။ "ငါ့ ကို အကောင်း ဆုံး ငှက် ပျော ပင် ဆီ ကို ပို့ ပေး ပါ လား။" လို့ ပြော ပြန် တယ်။

သူတို့ ကောင် လေး အ ကြိုက် ဆုံး ငှက် ပျော ပင် ကို သွား ကြ တယ်။ ပင့် ကူ က banana ငှက် ပျော သီး အကုန် လုံး ကို ဘယ် သူ့ ကို မှ မမျှ ဝေ ပဲ စား လိုက် တယ်။

သူ့ ဗိုက် က ပြည့် လှ ပြီ ဒါ ပေ မဲ့ သူ က "ငါ့ ကို အကောင်း ဆုံး honey ပျား ရည် ရ တဲ့ ဆီ ပို့ ပေး ပါ လား" လို့ ပြော ပြန် တယ်။


ကောင် လေး နှင့် ပင့် ကူ တို့ နောက် ထပ် ဝေး တဲ့ တော ထဲ ကို လမ်း လျှောက် သွား ကြ တယ်။

နောက် တော့ "အဲ့ဒီ beehive ပျား အုံ ထဲ မှာ ကမ္ဘာ့ အကောင်း ဆုံး ပျား ရည် ရှိ တယ်။" လို့ ကောင် လေး က ပြော ပါ တယ်။

ပင့် ကူ ပျား အုံ က အပေါက် ကလေး ထဲ ကို တိုး ဝင် သွား တယ်။ ချို တဲ့ ပျား ရည် တွေ ကို မဝေ မျှ ပဲ အ ကုန် စား လိုက် တယ်။

ပင့် ကူ က နောက် ထပ် အစား ကောင်း သောက် ကောင်း စား ဖို့ အဆင် သင့် ပြင် နေ သည်။ သို့ သော် သူ ပျား အုံ ထဲ က ထွက် မ ရ ဖြစ် နေ ပါ သည်။ သူ့ ဗိုက် က သိပ် ကြီး နေ လို့ ။ "ကူ ကြ ပါ အုန်း။ ငါ့ ကို ထုတ် ပေး ကြ ပါ" လို့ အော် နေ ပါ သည်။


ကောင် လေး က ဒီ တော့ "နင် ငါ့ အပေါ် နဲနဲ မှ မကောင်း ဘူး။ အရမ်း လော ဘ ကြီး လွန်း တဲ့ ပင့် ကူ နေ ခဲ့ တော့ ။ ငါ သွား ပြီ။ "ကောင် လေး ထွက် လာ ခဲ့ တော့ သည်။

ပင့် ကူ အော် ပြီး ရင်း အော် နေ ပါ သည်။ သို့ သော် ဘယ်သူ မှ သူ့ အော် သံ ကို မကြား ပေ။ သူ က ရွာ နဲ့ အဝေး ကြီး မှာ ရောက် နေ ပြီ ဖြစ် သည်။ တ ပတ် လုံး လုံး ပင့် ကူ ပျား အုံ ထဲ မှာ နေ ရ တယ်။

နောက် ဆုံး တော့ သူ တို ပြီး ထွက် လို့ ရ သွား တယ်။

အဲ့နေ့ က စ ပြီး ပင့် ကူ ဟာ သူ့ အသီး တွေ ကို သူငယ် ချင်း တွေ နဲ့ ဝေ မျှ စား ပါ တော့ တယ်။

spider ပင့် ကူ
beehive ပျား အုံ
honey ပျား ရည်






No comments:

Post a Comment