ဂျန်နီ တောနက် ထဲ မှာ
ဂျန် နီ နှင့် yellow hat ဦး ထုပ် အဝါ တို့ အပြင် ထွက် လာ ကြ ပါ သည်။ သူတို့ dark wood တော နက် ထဲ ကို ထွက် လာ ကြ သည်။
နေ ကြီး က တောက် ပ နေ ဆဲ ဖြစ် သည်။ ဂျန် နီ ထိုင် လိုက် သည်။ သူမ အိပ် ပျော် သွား သည်။
ကြွက် ကလေး တကောင် အနား က ဖြတ် လာ တဲ့ အခါ ဂျန် နီ နိုး လာ သည်။
သူမ ထိုင် ပြီး တော ထဲ ကို ကြည့် လိုက် သည်။ "အရမ်း မှောင် နေ ပြီ။ ငါ အိမ် ပြန် မှ ဖြစ် မယ်" လို့ ဂျန် နီ ပြော လိုက် သည်။
ဂျန် နီ အဝေး ကြီး ကို လျှောက် လာ ပေ မဲ့ သူမ တော ထဲ မှာ ပဲ ရှိ နေ သေး သည်။ အရမ်း ကို မှောင် နေ ပြီ။
"ငါ လမ်း ပျောက် နေ တာ ဖြစ် မယ်" လို့ ဂျန်နီ ပြော လိုက် သည်။
သစ် ပင် ပေါ် က ကြောင် လေး တ ကောင် ခုန် ချ လာ သည်။ ကြောင် လေး က ဂျန် နီ ဆီ သို့ ပြေး လာ သည်။
သူ့ ခြေ ထောက် က အ ဖြူ ရောင် လေး ဖြစ် သည်။
ခြေ ဖြူ လေး နဲ့ ကြောင် လေး သည် တော လမ်း လေး ထဲ သို့ ပြေး သွား သည်။
ထို့ နောက် ပြန် လှဲ့ ကြည့် သည်။
ဂျန် နီ ခြေ ဖြူ လေး နောက် သို့ ပြေး လိုက် သည်။
ခြေ ဖြူ လေး က ရှေ့ က ဦး ဆောင် သွား တယ်။
သူ က ဂျန် နီ ကို တော ထဲ က ထွက် လမ်း မှ ရွာ ထဲ ကို ပြန် လမ်း ကို ဦး ဆောင် သွား ပါ သည်။
ဂျန် နီ grandma ဘွား ဘွား ကို တွေ့ သွား သည်။ "ဂျန် နီ မှောင် လှ ပြီ။ သမီး ကို ရှာ ဖို့ လိုက် လာ တာ" လို့ ဘွား ဘွား က ဆို ပါ သည်။
"အိုး ဘွား ဘွား။ သမီး လမ်း ပျောက် နေ တာ ။ ဒီ ကြောင် ခြေ ဖြူ လေး က သမီး ကို လမ်း ပြ လို့ ဒီ ပြန် ရောက် လာ တာ" လို့ ဂျန် နီ က ပြော လိုက် ပါ သည်။
grandma အ ဘွား
yellow hat အဝါ ရောင် ဦး ထုပ်
dark wood တော နက်
No comments:
Post a Comment