အိမ် ကို လွမ်း တဲ့ ယုန် ကလေး
တစ်ခါ က day care နေ့ ကလေး ထိန်း ကျောင်း ကို သွား ရ မှာ အလွန် ကြောက် ရွံ့ သော ယုန် ကလေး တစ် ကောင် ရှိ ပါ သည်။
ယုန် ကလေး က အိမ် မှာ တမနက် လုံး အိပ် နေ ပြီး တနေ့ လည် လုံး ဆော့ ကစား နေ ချင် သည်။
သို့ သော်၊ ယုန် ကလေး ၏ ဖေဖေ နှင့် မေမေ သည် မနက် တိုင်း အလုပ် သွား ရ သော အခါ ယုန် ကလေး နေ့ ကလေး ထိန်း ကျောင်း ကို သွား ရ မည် ဖြစ် လာ သည်။
တနေ့ တွင် ယုန်ကလေး သည် ဘယ် သူ မှ သူ့ ကို မတွေ့ အောင် တိတ်တိတ် ကလေး ကုတင် အောက် တွင် ပုံး နေ ဖို့ ကြံ စီ နေ ပါ သည်။
မရ ပါဘူး။ သူ နေ့ ကလေး ထိန်း ကျောင်း ကို သွား ခဲ့ ရ သည်။
ယုန် ကလေး သည် နေ့ ကလေး ထိန်း ကျောင်း တွင် ရှိ သမျှ ယုန် ကလေး များ ထဲ တွင် အကြောက် တတ် ဆုံး ဖြစ် သည်။ သူ့ ဖေဖေ နှင့် မေမေ ကို သူ့ ကို ထား မသွား စေ ချင် ပေ။ သူတို့ ၏ paws လက် များ ကို အတင်း အကြပ် ဆုပ် ကိုင် ထား ပါ သည်။
သူတို့ ထွက် သွား ဖို့ လုပ် သော အခါ၊ သူတို့ လက် ကို မလွှတ် ပေ။
ယုန် ကလေး ဖေဖေ နှင့် မေမေ ထွက် သွား သော အခါ တံခါး ပေါက် က နေ ကြည့် ပြီး ငို ကျန် ခဲ့ ပါ သည်။
သူ့ ကို လာ ခေါ် တော့ မလား ဟု ပြတင်း ပေါက် မှ နေ ကြည့် ရ ပါ သည်။
ယုန် ကလေး က ယုန် ဆရာ မ တွေ ကို အနဲ ငယ် ကြောက် ပါ သည်။ ယုန် ဆရာမ များ က မျက် နှာ ထန် ထန် ပုံစံ ဖြင့် ယုန် ကလေး များ လုံး carrots ခါ ကြက် ဥ နီ များ ကို စား စေ ပါ သည်။
သူ တခြား ကလေး များ ကို လည်း အနဲ ငယ် ကြောက် ပါ သည်။
ဒါ ပေမဲ့ တခါ တခါ ယုန် ကလေး အိမ် ကို မေ့ နေ ပါ သည်။
ထို့ နောက် ယုန် ကလေး ဆရာမ များ က ယုန် ကလေး က စာ လိုက် နိုင် တယ် လို့ ထင် ကြ သည်။ ယုန် ကလေး ဖေဖေ နှင့် မေမေ တို့ စိတ် ချမ်း သာ ကြ ပါ သည်။
လူတိုင်း က ယုန် ကလေး ကို တခြား နေ့ ကလေး ထိန်း ကျောင်း က ကလေး များ ကဲ့ သို့ ပျော် စေ ချင် ကြ ပါ သည်။
သို့ သော် နောက် နေ့ တွင် တော့ ပုံ မှန် အတို်င်း ယုန် ကလေး မနက် ပိုင်း တွင် ငို နေ ၍ ဖေဖေ မေမေ တို့ အလာ ကို စောင့် ရင်း အချိန် ကုန် ပါ သည်။
မနက် တမနက် လုံး အိပ် နေ ပြီး တနေ့ ခင်း လုံး သာ ကစား ချင် သော ယုန် ကလေး အတွက် အချိန် တွေ က တဖြည်း ဖြည်း ကုန် လွန် လာ ခဲ့ ပါ သည်။ တရက် တွင် တော့ ပုံ မှန် ကျောင်း မှာ ရှိ နေ စဉ် ယုန် ဆရာ မ အသစ် တယောက် ကျောင်း ကို ရောက် လာ ပါ သည်။ သူမ တွင် အများ နဲ့ မတူ အောင် ရှည် လျား သော long ears နား ရွက် ကြီး ရှိ ပါ သည်။ ယုန် ကလေး က ထို ဆရာ မ က သူ့ မေမေ အပြင် အလှ ဆုံး ယုန် ပဲ လို့ ထင် ပါ သည်။
သူမ က သဘော လဲ အင် မတန် ကောင်း ပါ သည်။ မနက် တိုင်း သူမ ပေါင် ပေါ် တွင် သူ အကြာ ကြီး ထိုင် ခွင့် ရ ပါ သည်။
တနေ့ တွင် သူ ခဏ ထိုင် နေ တုန်း သူ့ ခြေ ထောက် များ က ယား လာ တာ သူ သတိ ထား မိ ပါ သည်။ သူ ခုန် ပေါက် ကစား ချင် လာ သည်။
နောက် တနေ့ တွင် ယုန် ဆရာ မ ပေါင် ပေါ် တွင် ယုန် ကလေး တကောင် ရှိ နေ သည်။ သူ ဆရာ မ ၏ ဘေး တွင် ထိုင် ကာ တခြား ယုန် ကလေး စိတ် မ ကောင်း ဖြစ် နေ တာ ကို ကူ ဖြေသိမ့် ပေး ရ သည်။ သူ ထို ယုန် ကလေး ၏ လက် ကလေး ကို ယူ ၍ မေမေ လာ ခါ နီး ပြီ ဟု ပြော လိုက် ပါ သည်။
နောက် တနေ့ တွင် ယုန် ဆရာမ က ဟာသ ပုံပြင် တပုဒ် ပြော ပြ သော အခါ ယုန် ကလေး က အား လုံး ထဲ မှာ အသံ အကျယ် ဆုံး ဖြင့် ရယ် မော မိ ပါ သည်။
နောက် အပတ် များ ကြာ သော အခါ ရယ် စရာ အကောင်း ဆုံး အဖြစ် ပျက် တခု ဖြစ် လာ ပါ သည်။
အဲ့ဒါ က တော့ နေ့ လည် ခင်း မှာ သူ့ ဖေဖေ နှင့် မေမေ က သူ့ ကို သတင်း တခု ပြော ပြ ပါ သည်။
မကြာ မီ တွင် သူ့ မှာ ညီ လေး သို့မဟုတ် ညီ မလေး တယောက် ရ တော့ မည် ဖြစ် သည်။
ဖေဖေ သို့မဟုတ် မေမေ အိမ် တွင် ရှိ ပြီး သူ နေ့ ကလေး ထိန်း ကျောင်း သို့ သွား စရာ မလို တော့ ပေ။
ရုတ်တရက် ယုန် ကလေး ပျော် သလား ဝမ်း နဲ သလား မသိ တော့ ပေ။
day care နေ့ ကလေး ထိန်း ကျောင်း
paws ကြောင် / ခွေး / ယုန် တို့ ၏ လက်
carrot ခါ ကြက် ဥ
No comments:
Post a Comment