အိမ် ကြီး
ဆင် ကြီး က သူ့ trunk နှာ မောင်း အရှည် ကြီး ကို ပင့် ပြီး "ငါ က အိမ် အ ကြီး ကြီး တလုံး ၊ ဝူး လို့ လဲ လုပ် တတ် တယ်" လို့ ဝမ်း သာ အား ရ ဆို ပါ သည်။ rabbit ယုန် ဖြူ ကလေး နှင့် squirrel ရှဉ့် ကလေး တို့ က "ငါတို့ အဲ့ ဒီ အိမ် ကြီး ထဲ ဝင် ဆော့ လို့ ရ မ လား" လို့ မေး ပါ သည်။
ဆင် ကြီး က "မ ရဘူး" လို့ ပြန် ဖြေ ပါ သည်။
ဆင် ကြီး ပန်း သီး ပင် ဆီ ရောက် သော အခါ "apple ပန်း သီး ၊ ပန်း သီး၊ ငါ့ ရဲ့ အိမ် ကြီး ထဲ ဝင် ကစား လှည့် ပါ အုန်း။" လို့ ပြော ၏။
ဆင် ကြီး ငှက် ပျော ပင် ဆီ ရောက် သော အခါ "banana ငှက် ပျော သီး ငှက် ပျော သီး၊ ငါ့ ရဲ့ အိမ် ကြီး ထဲ ဝင် ကစား လှည့် ပါ အုန်း" လို့ ပြော ၏။
ကြွက် တကောင် က ဆင် ကြီး ကို တွေ့ သော အခါ "အား၊ ငါ လဲ အိမ် ကြီး ထဲ ဝင် ဆော့ ဦး မယ်" လို့ တွေး ပြီး ဆင် ကြီး ၏ နှာ မောင်း ထဲ သို့ ဝင် သွား ပါ သည်။
"ဟတ် ချိုး" ၊ ဆင် ကြီး နှာ မောင်း က ယား သလို ဖြစ် လာ တာ နဲ့ ထ ချီ ပါ သည်။
ကြွက် ကလေး လည်း အိမ် ကြီး အတွင်း က နေ အပြင် ကို တရှိန် ထိုး ထွက် လာ ပါ တော့ သည်။
ကြွက် ကလေး က နာ လို့ အော် ငို ပါ လေ ရော။ ဒီ တော့ “အဲ့ဒါ နင် မဟုတ် တာ၊ ဆင် ကြီး က နင့် ကို သူ့ အိမ် ထဲ ဝင် ပါ လို့ မှ မခေါ် ထား တာ” လို့ ယုန် ကလေး နဲ့ ရှဉ့် ကလေး က ပြော လိုက် ပါ သည်။
elephant ဆင်
rabbit ယုန်
squirrel ရှဉ့်
trunk နှာ မောင်း
No comments:
Post a Comment