Sunday, April 12, 2020

အမြန် ကား များ

အမြန် ကား များ



racing car drivers ပြိုင် ကား မောင်း သူ များ သည် အမြန် ကား များ ကို race track ပြိုင် ပွဲ လမ်း ကြောင်း ကို ပတ် ၍ မောင်း ပါ သည်။ အလွန် တော် သော ကား သမား များ သာ အမြန် ကား များ ကို မောင်း နိုင် ကြ ပါ သည်။


ပြိုင် ကား မောင်း သူ များ သည် သူတို့ ကိုယ် တိုင် ကား ပြင် စရာ မလို ပါ။ သူတို့ အဖွဲ့ ဝင် များ က ကား ပြိုင် ကွင်း နှင့် ကပ် လျှက် ပြိုင် ကား များ ဓာတ် ဆီ ဖြည့် ရန် ၊ ဘီးလ် လဲ ရန် စသည် အတွက် ခေတ္တ ဝင် ထိုး နိုင် သော နေ ရာ တွင် ကား များ ကို ပြင် ပေး ကြ ပါ သည်။ 


ပြိုင် ကား မောင်း သူ များ သည် ကား ပြိုင် ကွင်း ကို ပတ် ၍ ပြိုင် ကား အချင်း ချင်း အ ပြိုင် မောင်း ကြ ပါ သည်။ အဘယ် သူ သည် အမြန် ဆုံး ကား မောင်း သူ ဖြစ် သည် ကို သူတို့ သိ ချင် ကြ ပါ သည်။

ပြိုင် ကား မောင်း သူ များ သည် helmet ဦး ထုပ် ဆောင်း ပြီး special clothes အထူး စပ ရှယ် အဝတ် စား များ ကို ဝတ် ဆင် ရ ပါ သည်။ 
သူတို့ တိုက် ခိုက် မိ လျှင် အထူး စပရှယ် အဝတ် စား များ နှင့် ဦး ထုပ် က ကား မောင်း သူ ကို အန္တ ရယ် မှ ကာ ကွယ် ပေး ရန် ဖြစ် ပါ သည်။

ပြိုင် ပွဲ ဝင် နေ စဉ် ပြိုင် ပွဲ အရှေ့ ဆုံး ကို ရောက် ရန် တကား နှင့် တကား အလု အယက် ကြိုး စား ကျော် တက် ကြ ပါ သည်။ သူတို့ အထူး သတိ ထား ပြီး မောင်း ကြ ရ ပါ သည်။

ပြိုင် ပွဲ တွင် အနိုင် ရ ခြင်း သည် ပြိုင် ကား မောင်း သူ အတွက် အကောင်း ဆုံး အရာ ဖြစ် သည်။
အကွက် အဆင် ပါ သော အလံ ကို ဖြတ် ကျော် ခဲ့ သော ပထမ ဦး ဆုံး ကား သည် အောင် ပန်း ကို ဆွတ် ခူး သော သူ ဖြစ် ပါ သည်။

မည် သူ မျှ နောက် ဆုံး တွင် မ ကျန် နေ ချင် ပါ။


racing car driver ပြိုင် ကား မောင်း သူ
helmet ဦး ထုပ်
special clothes အထူး စပ ရှယ် အဝတ် စား များ



No comments:

Post a Comment