စာ အုပ် ဆိုင် သရဲ
ဦး ညို အ ကြိုက် ဆုံး အရာ သုံး မျိုး မှာ ghost သရဲ အကြောင်း စာ အုပ်၊ cheese ချိစ်၊ နှင့် ကြောင် များ ဖြစ် ပါ သည်။
"ငါ book store စာအုပ် ဆိုင် တစ် ဆိုင် ဝယ် ရ မယ်" လို့ ဦး ညို က ပြော ပါ သည်။
ပြော တဲ့ အတိုင်း သူ ဝယ် လိုက် ပါ သည်။
သရဲ အကြောင်း စာ အုပ် များ ကို သာ သူ ရောင်း ပါ သည်။
"ငါ့ မှာ သူငယ် ချင်း လို တယ်။ ငါ ကြောင် တကောင် မွေး မယ်" လို့ သူ က ပြော ပါ သည်။
ပြော တဲ့ အတိုင်း သူ လုပ် လိုက် ပါ သည်။ သူ့ ကြောင် က သူများ ကြောင် များ နှင့် မတူ ပါ။ သူ က ငါး မ ကြိုက် ပါ။ သို့ သော် ချိစ် ကို ကြိုက် ပါ သည်။
ဦး ညို နှင့် သူ့ ကြောင် သည် မနက် စာ ၊ နေ့ လည် စာ၊ ညစာ ကို ချိစ် ကို စား ပါ သည်။
သူတို့ သည် စာအုပ် ဆိုင် အပေါ် ထပ် တွင် နေ ပါ သည်။
ကြွက် များ သည် လည်း သူတို့ အိမ် တွင် နေ ကြ ပါ သည်။
တနေ့ တွင် အမျိုး သမီး တစ်ဦး စာ အုပ် ဝယ် ရန် လာ ပါ သည်။ သူမ ကြွက် တကောင် ကို တွေ့ သော အခါ "အီး"ဟု အော် ပြီး ဆိုင် ထဲ က ထွက် ပြေး သွား ပါ သည်။
လူ တယောက် လည်း ထို့ အတူ ထွက် ပြေး သွား ပါ သည်။
"ကြောင် နက် စာ အုပ် ဆိုင် က ကြွက် တွေ ရှိ တယ်" လို့ သူတို့ က ပြော ကြ ပါ သည်။
ဘယ်သူ မှ စာ အုပ် ဆိုင် ကို မလာ ချင် ကြ ပေ။
ဒီ တော့ ဦး ညို က သူ့ ကြောင် ကို ပြော တယ်။ "နင် က ကြောင်။ ကြွက် တွေ ကို နင် ဖမ်း ရ မှာ။" ဒီ တော့ ကြောင် က ကြွက် အိမ် ပေါက် ကို သွား တယ်။ ကြွက် တွေ ကြောက် သွား ကြ တယ်။
သို့ သော် ကြောင် က ပြော တယ်။ "ငါ က တခြား ကြောင် တွေ နဲ့ မတူ ဘူး။ ကြွက် တွေ ကို ကြိုက် တယ်။" ကြောင် နှင့် ကြွက် များ က အတူ ဆော့ ကြ ပါ သည်။
ဦး ညို က မကျေ နပ် ပေ။ "ဒီ ကြွက် တွေ က လူ တွေ ကို ထွက် ပြေး အောင် လုပ် တယ်" လို့ သူ က ပြော သည်။
"သူတို့ ငါ့ စာ အုပ် ဆိုင် ကို မလာ ရင် ငါ ဆိုင် ပိတ် ရမှာ။ ငါ မင်း ကို ကြွက် တွေ ကို ဖမ်း ဖို့ ၃ရက် အချိန် ပေး မယ်" လို့ ကြောင် ကို ပြော လိုက် သည်။ မနက် ဖြန် က ၁ ရက် နေ့ ပဲ။
"ဦး ညို က ပြော တယ် ။ မင်း တို့ က လူ တွေ ကို ထွက် ပြေး အောင် လုပ် တယ်" လို့ ကြောင် က ကြွက် တွေ ကို ပြော လိုက် သည်။ "ဒါ ပေ မဲ့ ဒီ ဆိုင် က သရဲ စာ အုပ် ရောင်း တဲ့ ဆိုင် လေ" လို့ ကြွက် တကောင် က ပြော ပါ သည်။ "ဒီ တော့ ကြောက် စရာ ကောင်း သင့် တာ ပေါ့။ ငါ့ မှာ အစီ စဉ် ရှိ တယ်" လို့ ကြောင် က ပြော ပါ သည်။
ပထမ နေ့ ကို ရောက် လာ သည်။
ပထမ နေ့ အစီ စဉ် စ ပါ သည်။
ကောင် လေး တယောက် စာ အုပ် ဆိုင် နား ဖြတ် သွား သည်။
"ဝုန်း။"
စာ အုပ် တအုပ် စင် ပေါ် က ကျ လာ သည်။
"ဗုန်း။"
နောက် တအုပ် လည်း ကြမ်း ပေါ် ကျ လာ သည်။
"မင်း တွေ့ လိုက် လား"လို့ ကောင် လေး က ပြော ပါ သည်။ သူ ဆိုင် ထဲ ဝင် သွား သည်။
"ဝုန်း။" "ဗုန်း။"
စာ အုပ် အများ ကြီး ကျ လာ သည်။
"ကြောင် နက် စာ အုပ် ဆိုင် က တကယ် သရဲ ရှိ တယ်" လို့ ကောင် လေး က ပြော သည်။ ထို့ နောက် သူ့ သူငယ် ချင်း များ ဆိုင် ကို ရောက် လာ ပါ သည်။
နှစ် ရက် မြောက် နေ့ ရောက် လာ သည်။
နှစ် ရက် မြောက် နေ့ အစီ စဉ် စ သည်။
သရဲ အလွန် အလုပ် ရှုပ် ပါ သည်။ စတိုး ဆိုင် လည်း အလွန် အလုပ် ရှုပ် ပါ သည်။ လူ တိုင်း က သရဲ ကို မြင် ချင် ကြ ပါ သည်။ ကြောင် က ကျေ နပ် သံ နှင့် အော် မြည် ပါ သည်။ သူမ အစီ စဉ် က အလုပ် ဖြစ် သော ကြောင့် ဖြစ် သည်။
သုံး ရက် မြောက် နေ့ ရောက် လာ သည်။ ဆိုင် က ရှုပ် သထက် ရှုပ် လာ သည်။
ညနေ စောင်း တော့ စာအုပ် တအုပ် ပဲ ကျန် ပါ သည်။
"ငါ စာ အုပ် ဆိုင် ပိတ် ဖို့ မလို တော့ ဘူး ပေါ့" လို့ ဦး ညို က ကြောင် ကို ပြော ပါ သည်။
"ငါ တို့ ဒီ နေ့ ည ဧည့် ခံ ပွဲ ကျင်း ပ ကြ မယ်။ ငါတို့ ချိစ် တွေ နဲ့ အကြီး အကျယ် ဧည့် ခံ မယ်။"
"ငါ့ သရဲ ကို ငါ ကြိုက် တယ် ဒါ ပေမဲ့ အဲ့ဒီ ကြွက် တွေ ကို တော့ ငါ မ ကြိုက် ဘူး "လို့ ဦး ညို က ပြော သည်။
"မင်း သူ တို့ ကို ဖမ်း လို့ မိ ပြီ လား ။"
ကြောင် က ကျေ နပ် သံ နဲ့ အော် မြည် တယ်။
သူမ ဦး ညို ခြေ ထောက် ကို ပွတ် သတ် နေ သည်။ ထို နောက် သူမ ထွက် သွား သည်။
"ငါ မင်း နောက် လိုက် ခဲ့ ရ မှာ လား" လို့ ဦး ညို က မေး လိုက် သည်။
သူ က ကြောင် နောက် က နေ စာ အုပ် ဆိုင် ဆီ သို့ လိုက် လာ ပါ သည်။
"အင်း ငါ သရဲ ကို တွေ့ ချင် တွေ့ ရ မှာ" လို့ သူ က ပြော သည်။
ကြွက် များ က သူ့ ကို စောင့် နေ ကြ သည်။
သူတို့ က နောက် ဆုံး စာအုပ် ကို တွန်း ချ လိုက် သည်။
"ဗုန်း။"
ကြွက် များ က ဦး ညို ကို ကြည့် နေ ကြ သည်။
ဦး ညို က လည်း ကြွက် များ ကို ကြည့် နေ သည်။ "အော် ငါ သိ ပြီ" လို့ ဦး ညို ပြော လိုက် သည်။
"သရဲ တွေ က ချိစ် ကြိုက် လား"လို့ ဦး ညို က ကြွက် များ ကို မေး သည်။
အဲ့ဒီ က စ ပြီး သူတို့ အတူတူ နေ ထိုင် ကြ ပါ သည်။ စာ အုပ် ဆိုင် သည် စည် ကား မြဲ စည် ကား ပါ သည်။ ဦး ညို ကြိုက် တဲ့ အရာ များ က သရဲ စာ အုပ် များ ၊ ချိစ် ၊ သူ့ ကြောင် နှင့်….. သူ့ သရဲ ။
ghost သရဲ
cheese ချိစ်
book store စာအုပ် ဆိုင်