Wednesday, March 11, 2020

ထူးခြားတဲ့ မွေးနေ့ လက်ဆောင် တခု


ထူးခြားတဲ့ မွေးနေ့ လက်ဆောင် တခု



ဒီကနေ့ က ဘွား ဘွား ၏ မွေးနေ့ ဖြစ် ပါ သည်။ ကျွန်မ တို့ တအိမ် သား လုံး က ဘွားဘွား အတွက် မွေးနေ့ လက်ဆောင် များ အများ အပြား ဝယ်ပေး ကြ ပြီး ဖြစ် ပါ သည်။ သို့ ပေမဲ့ သူမ အတွက် အထူး မွေး နေ့ လက်ဆောင် က တော့ ယခု မကြာခင် မှာ ရောက် လာ တော့ မှာ ဖြစ် ပါ သည်။

"ဘွားဘွား အထူး လက် ဆောင် က ရောက်လာ ပြီ" "ကျွန်မ တို့ တွေ မပြော မချင်း မထွက် လာ နဲ့ နော်" လို့ သူတို့ တွေ က ဘွားဘွား ကို ပြော လိုက် ပါ သည်။ ဘွားဘွား အတွက် ကျွန်မ တို့ တွေ ဘာ ဝယ် ပေး လဲ မှန်း လို့ ရ မှာ မဟုတ် ဘူး နော်။  


မေမေ နှင့် ဖေဖေ တို့ က ပစ္စည်း ပို့ တဲ့ သူ ကို ကူ ပြီး ကုန်ကား ပေါ် က ပစ္စည်း ကို မ ရ ချ ရ ပါ သည်။ ကျွန်မ တို့ တွေ အား လုံး လည်း “အဆင်သင့် ဖြစ်ပြီ တွန်း” လို့ အော်ကြ ပါ သည်။ 


ကျွန်မ တို့ အား လုံး လည်း ဖေဖေ နှင့် မေမေ့ ကို ကူပြီး ဘွားဘွား ပစ္စည်း ကို နေရာ ချထား ပေး ကြ ပါ သည်။ ကျွန်မ က ရေပိုက် ဖြင့် ရေ ကို ဖြည့် ပေး ပါ သည်။ 


ကျွန်မ တို့ ဘွားဘွား ကို အပြင် ကို ခေါ် လာ ကြ ပါ သည်။ "မျက်စိ ပိတ် ထား အုန်း နော်" လို့ လည်း ပြော ကြ ပါ သည်။ "ဘယ် ဖက် နဲနဲ လျှောက်၊ ညာဖက် နဲနဲ လျှောက်"


“မျက်စိ ဖွင့် လို့ ရ ပြီ”။ Surprise! "အံ့သြော သွား လား" လို့ ကျွန်မ တို့ က အော် လိုက် ကြ ပါ သည်။ "တကယ့် ကို ထူးခြား တဲ့ မွေးနေ့ လက်ဆောင် လေး ပဲ" လို့ ဘွား ဘွား က ပြုံး ပြီး ပြော ပါ သည်။ "ငါ ကြိုက် တယ်" လို့ လဲ ပြော ပါ သည်။



ဘွား ဘွား ၏ ပန်းခြံ မှ ငှက် ကလေး များ က ဘွား ဘွား ၏ အသစ်စက်စက် ငှက် ရေချိုး ကန် bird bath ကို အလွန် ကြိုက် နှစ်သက် ကြ ပါ သည်။ ကြောင် က လည်း ကြိုက် သည် ဟု ကျွန်မ တို့ ထင် ပါ သည်။



gift လက်ဆောင်
Surprise! အံ့သြောဖွယ်
bird bath ငှက် ရေချိုး ကန်


No comments:

Post a Comment