ကား ပါကင် မှ အန္တရယ်
ဇက် က တီဗွီ က လာ တဲ့ ကား ပြိုင် ပွဲ ကြည့် နေ တယ်။
“သား ရေ မေမေ နဲ့ စူပါ မတ်ကတ် ကို လိုက် ခဲ့ ပေး ဦး နော်။”
“ဟင် မေမေ ကလည်း သား က ပြိုင် ပွဲ မှာ ဘယ်သူ နိုင် မလဲ ကြည့် ချင် တာ။”
“မဖြစ် ဘူး ဇက်၊ သား ကူ မှ ဖြစ် မှာ”။
“သား ကူး ထား ခဲ့ လိုက် ရ တာ ပဲ။”
စူပါ မတ်ကတ် ထဲ မှာ၊ မေမေ က စျေး တွန်းလှည်း ကို တွန်း ပြီး ဇက် က စဉ် ပေါ် က ပစ္စည်း များ ကို ယူ ထည့် ပေး သည်။ မကြာမီ မှာ တွန်းလှည်း ထဲ မှာ ပြည့် သွား သည်။
“မေမေ တို့ a bag of potatoes အာလူး တအိတ် လို တယ်။ ဒါပေမဲ့ တို့ လှည်း က မဆန့် တော့ ဘူး”။ လို့ မေမေ က ပြော ပါ သည်။
“သား သယ် ခဲ့ မယ်” လို့ ဇက် က ပြန် ပြော လိုက် သည်။
စူပါ မတ်ကတ် က ထွက် လာ တဲ့ အခါ၊ ဇက် က လက် နှစ် ဖက် ဖြင့် အာလူး အိတ် ကို သယ် လာ သည်။
မေမေ က ရှေ့ မှ trolley စျေးတွန်း လှည်း ကို တွန်း ပြီး ကား ပါကင် ကို လမ်း လျှောက် လာ ကြ ပါ သည်။
“ဇက် မေမေ ကို မှီ အောင် လိုက် လာ ခဲ့။ သတိ ထား အုန်း”။ လို့ မေမေ က သတိ ပေး ပါ သည်။
နောက် ပြန် ဆုတ် တဲ့ ကား တွေ ရှိ တယ်၊ တချို့ ကား ဆရာ တွေ က သား ကို မြင် ချင် မှ မြင် မှာ။
မေမေ က ပစ္စည်း တချို့ ကို ကား ထဲ သို့ စ ထည့် နေ ပါ သည်။
ဇက် က အာလူး အိတ် ကြီး ကို သယ် ပြီး သေချာ လမ်း လျှောက် လာ ပါ သည်။ အိတ် က တဖြည်း ဖြည်း လေး လာပြီး သူ့ လက် တွေ ညောင်း လာ သည်။
ရုတ်တရက် ၊ ကလေး မ လေး တယောက် ကား နှစ် စီး ကြား ပြေး ထွက် လာ သည်။ သူမ အမေ က ကလေး သေးသေး ပေါက်စ လေး နှင့် အလုပ် ရှှုပ် နေ ၍ ကောင်မ လေး ထွက် သွား တာ ကို မသိ လိုက် ပါ။
ကား အပြာ ကြီးကြီး တစီး က ဖြည်းဖြည်း ချင်း ထွက် လာ သည်။ ကား ဆရာ က ကောင် မလေး ကို မမြင် နိုင် ပါ။
သို့ သော် ဇက် က ကား ကို မြင် သည် ၊ ထို ကောင်မ လေး အတွက် အန္တရယ် ရှိ တာ ကို သူ သိ သည်။
“ရပ်”၊ “ရပ်” ။ လို့ ဇက် က အော် လိုက် သည်။
“သတိထား။”
ဇက် ကောင်မ လေး ရှိ ရာ အပြေးသွား သော အခါ အာလူး အိတ် ကြီး က ပြဲ ကျ ပြီး အာလူး များ ပြန့် ကျဲ ကုန် သည်။
ကောင် မလေး လဲ အာလူး များ နှင့် ချော် ပြီး လဲ သွား သည်။
ကား အပြာ ကြီး လဲ အချိန် မှီ ရပ် သွား သည်။
ဇက် က ကောင်မ လေး ကို ထူ လိုက် သည်။ သူ သူမ ကို အန္တရယ် မရှိ ရာ ဘက် ကို ဆွဲ ခေါ် လာ ခဲ့ သည်။
နောက် တော့ တခြား လူ များ လည်း အပြေး ရောက် လာ ကြ သည်။ ကလေး မလေး က အော် ငို နေ သည်။
သူမ အမေ လည်း အပြေး ရောက် လာ ပါ သည်။
“အိုး ကျေးဇူး အများ ကြီး တင် ပါ တယ်” လို့ ဇက် ကို ပြော ပါ သည်။
“သမီး လေး တော့ သား သာ မကယ် လိုက် ရင် ပြင်းပြင်း ထန်ထန် ဒဏ် ရာ ရ မှာ။”
“သား ဒီနေ့ မေမေ နဲ့ လိုက် လာ တာ မေမေ တော့ ဝမ်း သာ လိုက် တာ” လို့ မေမေ က ဇက် ကို ဖက် ပြီး ပြော ပါ သည်။
“သား အာလူး အိတ် အကြီး ကြီး ကို သယ် ခဲ့ တာ ကို လည်း ဝမ်း သာ ပါ တယ်” လို့ ဇက် က လည်း ရယ် ရင်း ပြန် ပြော လိုက် ပါ သည်။
danger အန္တရယ်
trolley စျေး တွန်းလှည်း
potato အာလူး
No comments:
Post a Comment