သွေးနွေး သတ္တဝါ လား ။ သွေး အေး သတ္တ ဝါ လား။
သင် က သွေး အေး သတ္တဝါ လား သွေး နွေး သတ္တ ဝါ လား။
သင် က နို့ တိုက် သတ္တဝါ ဖြစ် သည်။ နို့ တိုက် သတ္တ ဝါ များ အား လုံး သည် သွေး နွေး သတ္တဝါ ဖြစ် ကြ သည်။
နို့တိုက် သတ္တဝါ များ သည် သွေး နွေး သတ္တဝါ များ ဖြစ် ကြ သည် ၊ အဘယ် ကြောင့် ဆို သော် သူတို့ ခန္ဓာ ကိုယ် အပူ ချိန် သည် အေး သော နေ ရာ ဖြစ် စေ နွေး သော နေ ရာ ဖြစ် စေ အပူ ချိန် မပြောင်း လဲ သော ကြောင့် ဖြစ် သည်။ ထို နို့တိုက် သတ္တဝါ ကို သွေး နွေး သတ္တဝါ ဟု ခေါ် ပါ သည်။
ငှက် အား လုံး သည် သွေး နွေး သတ္တဝါ ဖြစ် သည်။
နို့တိုက် သတ္တ ဝါ များ နှင့် ငှက် များ သည် သူတို့ ခန္ဓာ ကိုယ် အပူ ချိန် တပြေး ညီ ရှိ စေ ရန် အစား အများ ကြီး စား ဖို့ လို အပ် သည်။
တွား သွား သတ္တဝါ များ သည် သွေး အေး သတ္တဝါ များ ဖြစ် ကြ သည်။ သူတို့ ခန္ဓာ ကိုယ် အပူ ချိန် သည် အေး သော နေရာ တွင် အေး နေ ၍ နွေး သော နေ ရာ တွင် နွေး နေ ပါ သည်။ သူတို့ အေး သော အခါ ဖြည်း ဖြည်း ပဲ ရွေ့ နိုင် ပါ သည်။
ဤ တွား သွား သတ္တဝါ များ သည် သွေး အေး သတ္တ ဝါ များ ဖြစ် ကြ သည်။ တွား သွား သတ္တဝါ များ သည် နို့တိုက် သတ္တဝါ များ ကဲ့သို့ အစာ များ များ စား ရန် မလို အပ် ပေ။
ငါး များ သည် သွေး အေး သတ္တဝါ ဖြစ် သည်။ သို့ သော် လင်းပိုင် များ နှင့် ဝေလ ငါး သည် သွေး နွေး သတ္တဝါ ဖြစ် သည်။ သူတို့ သည် နို့တိုက် သတ္တဝါ ဖြစ် သည်။ ငါး များ မဟုတ် ပါ။
Mammal နို့တိုက် သတ္တဝါ
Warm-blooded သွေး နွေး သတ္တဝါ
Cold-blooded သွေး အေး သတ္တဝါ
No comments:
Post a Comment