ဒုံး ပျံ ယာဥ်
အိအိ နှင့် စိုးစိုး တို့ သည် သူတို့ အဘိုး အဘွား နှင့် နေ ရ သည် ကို ကြိုက် ကြ သည်။ သူတို့ မှာ အခန်း အများ ကြီး နှင့် ဆော့ ကစား နိုင် သော အိမ် ဟောင်း တစ် အိမ် ရှိ ပါ သည်။
အကောင်း ဆုံး က တော့ အဘိုး နှင့် အဘွား ၏ ဥယျာဉ် ထဲ တွင် သစ် ပင် အကြီး ကြီး တစ် ပင် ရှိ ပါ သည်။
တနေ့ သော မနက် ၌ စိုး စိုး ပြတင်း ပေါက် မှ ကြည့် လိုက် မိ သည်။ “လေတွေ တိုက် နေ ပြန် ပြီ ၊ ငါတို့ အပြင် ထွက် ပြီး သစ် ပင် ပေါ် တက် လို့ မရ ဘူး” ဟု အိအိ ကို ပြော လိုက် သည်။
“မိုး လဲ ရွာ နေ တယ် ၊ အိမ်ထဲ မှာ ပဲ ကစား ရ တော့ မယ်” ဟု အိအိ က ပြန် ပြော လိုက် ပါ သည်။
ထို နေ့ ည တွင် လေ ကြမ်း ကြီး တိုက် ပါ သည်။ အိအိ က စိုး စိုး ကို လှမ်း ခေါ် လိုက် သည်။ “စိုးစိုး ရေ ငါ ကြောက် တယ်။”
အဘိုး နှင့် အဘွား က သူတို့ ဆီ ဝင် လာ ကြည့် ပါ သည်။
“ဒီည လေ အရမ်း ကြမ်း တယ်။ ကြိုး စား အိပ် ကြ” ဟု အဘိုး က ပြော ပါ သည်။
အဲ့ နောက် မှာ ……
ဂျွမ်း…
သူတို့ အား လုံး ပြတင်း ပေါက် အပြင် ဘက် ကို ကြည့် လိုက် ကြ သည်။
"အပင် ကြီး လဲ သွား တယ်" ဟု အဘွား က ပြော ပါ သည်။
"ဟာ သွား ပါ ပြီ၊ ကျွန်တော် တို့ တက် စရာ အပင် မရှိ တော့ ဘူး" ဟု စိုး စိုး က ရေရွတ် လိုက် ပါ သည်။
အဘွား က သူတို့ နှစ် ယောက် ကို ဖက် ထား ပါ သည်။ “အိပ် ကြ တော့၊ မကြာခင် လေ ငြိမ် သွား လိမ့် မယ်။ မနက် ကျ မှ တို့ တွေ သေချာ သွား ကြည့် ကြ ရ မယ်” လို့ အဘွား က ပြော ပါ သည်။
နောက် နေ့ မနက် တွင် သူတို့ အား လုံး သစ်ပင် ကြီး ကို သွား ကြည့် ကြ ပါ သည်။ အဘိုး က “အိုး ကြည့် ပါ အုန်း” ဟု ညည်း လိုက် ပါ သည်။
အိအိ က တော့ “ဒီ အပင် ကြီး က အကောင်း ဆုံး ပဲ၊ သမီး တို့ သစ် ကိုင်း တွေ ထဲ ဝင် ပုန်း လို့ ရ ပြီ၊ ဘယ်သူ မှ မြင် မှာ မဟုတ် ဘူး။” ဟု ပြော လိုက် သည်။
“ငါ လဲ မီး ဖို အတွက် ထင်းစာ ရ အောင် ကိုင်း တွေ ဖြတ် ရ အုန်း မယ်” လို့ အဘိုး က ပြော ပါ သည်။
“မဖြတ် ပါ နဲ့ အဘိုး ရယ်၊ သား တို့ အဲ့ ပေါ် မှာ ကစား အုန်း မယ်” လို့ စိုး စိုး က ပြော ပါ သည်။
“ဟုတ်တယ်” လို့ အိအိ က ထောက် ခံ သည်။ “ဒါက တို့ အတွက် ဂြိုလ်တု ပဲ။”
“ငါတို့ အဲ့ပေါ် မှာ ပျံ ပြီး နေ ရာ တွေ လျှောက် သွား လို့ ရ တယ်” လို့ စိုး စိုး က ပြော လိုက် သည်။ “လာ” အိအိ
အိအိ နှင့် စိုး စိုး တို့ သစ်ပင် ပေါ် သို့ အပြိုင် ပြေး တက် ကြ သည်။
“ငါက ဂြိုလ်တု မောင်း တဲ့ သူ captain နော်။” “စိုးစိုး အပေါ် တက် တော့ မယ် အဆင် သင့် ဖြစ် ပြီ လား။”
“အဆင်သင့် ပဲ ready captain!” လို့ စိုးစိုး က အော် သည်။
“အဆင်သင့် ဖြစ် ရင် အခု ထွက် မယ်။”
“10-9-8-7-6-5-4-3-2-1!”
“ငါတို့ အပေါ် ရောက် သွား ပြီ နော်” လို့ အိအိ က စိုးစိုး ကို လှမ်း အော် လိုက် သည်။ “အေး ဟုတ် တယ်။”
အဘိုး နှင့် အဘွား က သူတို့ ကို ကြည့် ကာ သဘောကျ နေ ကြ သည်။
Grandad အဘိုး
Gran အဘွား
Ready အဆင်သင့်ဖြစ်
No comments:
Post a Comment