Monday, March 30, 2020

စာသင်ခန်းထဲ က ပေါက်ဖတ် များ

စာသင်ခန်းထဲ က ပေါက်ဖတ် များ


သောကြာ နေ့ တမနက် ခင်း တွင် ကေသီ က ပေါက်ဖတ် တစ် ကောင် ကို သေတ္တာ တခု ထဲ ထည့် ၍ ကျောင်း သို့ သယ် လာ ပါ သည်။ သူမ သေတ္တာ ထဲ တွင် သစ် ရွက် များ လည်း ပါ ၏။ 
ကေသီ က “သမီး ဒီ ပေါက်ဖတ် လေး ကို စောင့် ရှောက် မယ်၊ သူ့ ကို ဒီ စာသင်ခန်း ထဲ မှာ ထား လို့ ရ မလား” လို့ ဆရာ မ စီ ကို ပြော လိုက် သည်။


“ကျွန်မ ရဲ့ ပေါက်ဖတ် လေး တွေ က ဒီ အ ရွက် ကြိုက် တယ် (swan plant က အရွက်)” လို့ ကေသီ က ပြော၏။
“ဒီ သစ် ရွက် အောက် မှာ ကြည့်၊ ဥ အဖြူ သေးသေး လေး တွေ အများ ကြီး ပဲ။ ပေါက် ဖတ် သေးသေး လေး တွေ အများ ကြီး ဥ တွေ က ပေါက် လိမ့် မယ်” ဟု ဆရာမ စီ က လည်း ပြော ပါ သည်။


တနင်္လာ နေ့ မနက် သို့ ရောက် သော အခါ၊ ကေသီ က swan plant အပင် ကို အိုး နှင့် တကွ ကျောင်း သို့ ယူ လာ ၏။ 
“ဟယ် ကြည့် ပါ အုန်း မာလာ ရေ ၊ ပေါက်ဖတ် သေးသေး လေး တွေ ဥ က ပေါက် ထား တယ် တော့။ သူတို့ လည်း ဒီ အပင် ကို စား လို့ ရ တယ်။” လို့ ကေသီ က ပြော လိုက် သည်။


ထို အပတ် နှင့် နောက် အပတ် တွင်၊ ပေါက်ဖတ် သေးသေး များ က swan အပင် က အရွက် များ ကို တစ်တိ တစ်တိ ကိုက် ဝါး ကြ ပါ သည်။
ပေါက်ဖတ် များ သည် ကြီး သထက် ကြီး လာ ကြ သည်။ သူတို့ တွေ swan အပင် က အရွက် များ ကို တစ်တိ တစ်တိ ကိုက် ဝါး စား သထက် စား လာ ကြ သည်။


“အပင် လေး ကို ကြည့် ပါ အုန်း ။ အရွက် တွေ အား လုံး မရှိ တော့ ဘူး။ ငါတို့ တွေ မှာ လည်း သူတို့ စား ဖို့ swan plant အပင် မရှိ တော့ ဘူး”။ လို့ ကေ သီ က ပြော သော အခါ
“ဟယ် တော့၊ ပေါက်ဖတ် တွေ က ဆာ နေ သေး တယ်။”လို့ မာလာ က ပြော ပါ သည်။


“ပေါက်ဖတ် တွေ က ဖရုံ သီး ပင် လည်း စား တယ်” ဟု ဆရာမစီ က ပြော ၏။
“ဒါဆို ကျွန်မ အိမ် က ဖရုံ သီး ပင် ယူခဲ့ မယ်” လို့ ကေသီ က ပြော လိုက် သည်။


ပေါက်ဖတ် သေးသေး လေး များ သည် ဖရုံ သီး များ စား ရ တာ ကြိုက် ၏။ သို့ သော် ကေသီ ၏ အကြီး ဆုံး ပေါက် ဖတ် သည် မဆာ တော့ ပါ။ သူက သစ်ရွက် တရွက် အောက် တွင် နေ ၏။ 
“ငါ့ ပေါက် ဖတ် က ပိုးရုပ် ဖုံး လေး လုပ် နေ တယ်” လို့ ကေသီ က ပြော ပါ သည်။


“တနေ့ မှာ သူက လိပ် ပြာ တကောင် ဖြစ် မှာ” လို့ မာလာ က ပြန် ပြော ပါ သည်။


Caterpillar ပေါက်ဖတ်
Pumpkin ဖရုံသီး
Bigger ပို ကြီး လာ သော

No comments:

Post a Comment