ဂျော်ဒန် ပွဲ ကြီး မှာ
ဂျော် ဒန် football field ဘော်လုံး ကွင်း ထဲ သို့ သူ့ အဖေ နှင့် အတူ လမ်း လျှောက် သွား သည်။
"ဖေဖေ ရေ ဟို က ဆိုင်း ဘုတ် ကြည့် ပါ အုန်း။"
"သား လက်မှတ် ကို အဲ့ သေတ္တာ ထဲ သွား ထည့် မယ်။"
"သား lucky winners ကံထူး ရှင် တွေ ထဲ က တယောက် ဖြစ် ချင် ဖြစ် နေ မှာ။"
"အဲ့ ပုံး ထဲ မှာ နာမည် တွေ က အများ ကြီး နေ မှာ သား ရဲ့ "လို့ ဖေဖေ က ပြုံး ပြော ပါ သည်။
"ဒါပေ မဲ့ သား ပေါက် ချင် ပေါက် နေ မှာ ပေါ့ ဖေဖေ ရဲ့ " လို့ ဂျော် ဒန် က ပြော လိုက် သည်။
ဂျော်ဒန် နှင့် သူ့ အဖေ တို့ ထိုင် လိုက် ကြ သည်။
သူတို့ လူ တယောက် က ကွင်း ထဲ ကို သေတ္တာ ပုံး လေး နဲ့ ဝင် လာ တာ ကြည့် နေ ကြ သည်။
အဲ့ လူ က ပြော တယ်။ "ကံထူး ရှင် တွေ နာမည် ခေါ် ပါ တော့ မယ်။" အဲ့ နောက် သူက လက်မှတ် တစောင် ကို ဆွဲ ထုတ် လိုက် သည်။
"ပထမ ဆုံး နာမည် က လျံ လင်း"
"အဲ့ဒီ လျံ က သား တို့ ကျောင်း ကလေ၊ သား သူငယ် ချင်း။"
ထို့ နောက် ထို လူ က ပြော တယ်။
"ဒုတိယ နာမည် က … နစ် ဟေး"
ဂျော်ဒန် ထို ကလေး နှစ် ယောက် ကွင်း ထဲ သို့ ဆင်း သွား တာ ကြည့် နေ လိုက် သည်။
"သား မရွေး ခံ ရ ဘူး ဖေဖေ။"
"နောက် တယောက် က သား ဖြစ် ချင် ဖြစ် မှာ ပေါ့။" လို့ ဖေဖေ က ပြော သည်။
လူ တိုင်း က စောင့် နေ ကြ သည်။
"လျံ က ဘယ် ရောက် သွား တာ လဲ။ သား သူ့ ကို မတွေ့ ဘူး။"
"သူ့ ကို ဂျာဆီ အသင်း မှာ ထည့် လိမ့် မယ်။"
"ဒါပေမဲ့ သူ မြန်မြန် သွား မှ ရ မယ်။"
"ဘောပွဲ က စ တော့ မှာ။"
အဲ့နောက် ကွင်း ထဲ က လူ က ပြော သည်။
"စောင့် နေ ကြ ရ တာ စိတ် မ ကောင်း ပါ ဘူး။ ကျွန် တော် နောက် ထပ် နာမည် တခု ထပ် ခေါ် ပါ မယ်။ အဲ့ဒါ က ဂျော်ဒန် ဝေဇင် ပါ။"
"အဲ့ဒါ သား နာမည် ပဲ။" လို့ ဂျော်ဒန် အော် လိုက် သည်။
"ဟာ ဟုတ်တယ်ဟ။" လို့ ဖေဖေ က လည်း ရယ် ပြော ပါ သည်။
"သွား သွား ။"
ဂျော်ဒန် ကွင်း ထဲ သို့ ပြေး ဆင်း သွား လိုက် သည်။
လူ တယောက် က ဂျော်ဒန် ကို ဂျာဆီ အသင်း အကျင်္ ီ ပေး သည်။ သူ ဝတ် ပြီး တော့ လျံ ကို တယောက် ထဲ တွေ့ လိုက် သည်။
"ငါ မလုပ် နိုင် ပါ ဘူး လို့ ပြော သား ပဲ ။" လျံ က ပြော သည်။
"ငါ အဲ့ အထဲ ကို ထွက် ရ မှာ ကြောက် တယ်။ ငါ့ ခြေထောက် တွေ က တုန် နေ တယ်။"
လျံ မငို မိ အောင် ထိန်း ထား သည်။ ဂျော်ဒန် သူ့ ကို ကြည့် ပြီး စိတ် မကောင်း ဖြစ် သွား သည်။
"လာ ကွာ လျံ။ မင်း လုပ် နိုင် ပါတယ်။ ငါ တို့ ကွင်း ထဲ ကို အတူ တူ ပြေး သွား မယ် လေ" လို့ ဂျော် ဒန် က ပြော လိုက် သည်။
"ရော့ ဂျော်ဒန်။ ဘောလုံး ယူလိုက်။" လို့ ခေါင်း ဆောင် တယောက် က ပြော သည်။
"ကဲ အားလုံး အဆင် သင့် ဖြစ် ကြ ပြီ လား။"
"ဟုတ်ကဲ့" လို့ လျံ က ပြုံး ပြော လိုက် သည်။
"ကျွန်တော် လည်း အဆင် သင့် ဖြစ် ပြီ" လို့ နစ် က ပြော သည်။
"ဒါဆို သွား ကြမယ်" လို့ ခေါင်း ဆောင် က ဆို သည်။
အသင်း က လူများ က နောက် က လိုက် လာ ပြီး ကလေး သုံး ယောက် ကွင်း ထဲ ကို ဝင် လာ တဲ့ အခါ မှာ လူတိုင်း က cheer လက်ခုပ် သြော်ဘာ ပေး ကြ ပါ သည်။
football field ဘော်လုံး ကွင်း
lucky winner ကံထူး ရှင်
ticket လက်မှတ်
No comments:
Post a Comment