ကြောင် ကလေး နှင့် ခွေး ကလေး
ခွေး ဝါ လေး က သတိ မထား မိ ပဲ ကြောင် ဖြူ လေး ၏ အ မြီး ကို တက် နင်း မိ ပါ သည်။
“မတော် တဆ ဖြစ် သွား တာ တောင်းပန် ပါ တယ် နော်” လို့ ခွေး ဝါ လေး က ပြော လိုက် သည်။
ခွေး ဝါ လေး က ကြောင် ဖြူ လေး ကို စား စရာ ကျွေး ပါ သည်။
“ကျေး ဇူး တင် ပါ တယ်။” ဟု ကြောင် ဖြူ လေး က ပြော ပါ သည်။
ခွေး ဝါ လေး က ကြောင် ဖြူ လေး ပါး ကို ယက် ပေး သည်။
ကြောင် ဖြူ လေး က ခွေး ဝါ လေး နှာ ခေါင်း ကို နမ်း လိုက် သည်။
သူတို့ နှစ် ကောင် သည် သူငယ်ချင်း ကောင်း များ ဖြစ် ကြ သည်။
dog ခွေး
cat ကြောင်
nose နှာခေါင်း
cheek ပါး
No comments:
Post a Comment