Sunday, March 29, 2020

ကြွက် ကလေး အဖော် ရှာ ခြင်း

ကြွက် ကလေး အဖော် ရှာ ခြင်း

ကြွက် ကလေး က ပြေး လည်း ပြေး တတ် ခုန် လည်း ခုန် တတ် တဲ့ သူငယ် ချင်း တယောက် လောက် လို ချင် သည်။ 

ကြွက် ကလေး တွေ့ တာ ဘိုမ ရုပ် ကလေး။ သူက ပြေး လည်း မ ပြေး တတ် ဘူး။ ခုန် လည်း မခုန် တတ် ဘူး။ သူက ထိုင် ပြီး ရယ် ပဲ နေ တာ။


ကြွက် ကလေး ဘဲ ကလေး နဲ့ တွေ့ တယ်။ သူက ပြေး တတ် တယ် မခုန် တတ် ဘူး။ အမြီး တရမ်း ရမ်း နဲ့ ရေချိုး ဖို့ သွား တယ်။ 

ကြွက် ကလေး ဖား တစ် ကောင် နဲ့ တွေ့ တယ်။ သူက ခုန် တတ် တယ် မပြေး တတ် ဘူး။ အုန် အွမ် အုန် အွမ် လို့ အကျယ် ကြီး အော် တယ်။

ကြွက် ကလေး ကြောင် တကောင် နဲ့ တွေ့ တယ်။ သူက ပြေး လည်း ပြေး တတ် တယ်။ ခုန် လည်း ခုန် တတ် တယ်။ အောင် မလေး။ ကြွက် ကလေး ကြောက် လွန်း လို့ အမြန် ပြေး လိုက် ရ တာ။

ကြွက် ကလေး သူငယ် ချင်း ရှာ မတွေ့ တော့ မျက် ရည် တွေ တ ပေါက် ပေါက် ကျ လာ တယ်။

နောက် ကြွက် ကလေး သူငယ် ချင်း တယောက် ရှာ တွေ့ သွား တယ်။ သူက ပြေး လည်း ပြေး တတ် တယ်၊ ခုန် လည်း ခုန် တတ် တယ်။ သူက ကျွိကျွိ လို့ လည်း မြီ တတ် တယ်။ အော၊ လတ်စသတ် တော့ သူ့ လို ပဲ ကြွက် ကလေး တ ကောင် ကိုး။


Mouse ကြွက်
Friend သူငယ်ချင်း၊ အဖော်
Jump ခုန် သည် 
Ran ပြေး သည်

No comments:

Post a Comment