ပြန်လာခဲ့ ပစ်
အန်တီ စန္ဒာ သည် ဘန် နှင့် သူ့ မိသား စု တို့ ၏ အိမ် ချင်း ကပ် ရပ် တွင် နေ ထိုင် ပါ သည်။
တနေ့ တွင် အန်တီ စန္ဒာ သည် ခရီး တပတ် လောက် ထွက် သွား ရာ သူမ ၏ ကန်နရီ ငှက် ကလေး ကို ဘန် နှင့် သူ့ အမေ ကို စောင့် ရှောက် ဖို့ အကူ ညီ တောင်း ထား ခဲ့ ပါ သည်။
ကန်နရီ ငှက် ကလေး ၏ အမည် မှာ ပစ် ဖြစ် ပါ သည်။
“ကျွန်မ ပစ် ကို သိပ်ချစ် ပါ တယ်။ သူ့ ကို သေချာ ဂရုစိုက် ပေး ပါ နော်” လို့ အန်တီ စန္ဒာ က ဆို ရင်း ငှက် လှောင် အိမ် နှင့် ငှက် အစာ ကို စားပွဲ ပေါ် သို့ တင် ပေး ပါ သည်။
“ကျွန်မ တို့ လှောင် အိမ် ကို အမြင့် မှာ တင် ပေး ထား ပါ မယ်” လို့ မေမေ က ပြန် ပြော ပါ သည်။
“ကျွန်တော် လည်း ပစ် ကို အစာ ကျွေး ရင် ကြောင် ကို အိမ် ပြင် ထုတ် ထား ပါ မယ်” လို့ ဘန် က ကတိ ပြု လိုက် သည်။
တမနက် ခင်း တွင် ဘန် က ပစ် ကို သွား ကြည့် ရာ လှောင် အိမ် ထဲ တွင် ပစ် မ ရှိ တော့ ပါ။
“ငါ မနေ့ ည က အစာ ကျွေး ပြီး တံခါး ပြန် ပိတ် ခဲ့ ဖို့ မေ့ တယ် နဲ့ တူ တယ်” လို့ ဘန် က တွေး သည်။ သူ အရမ်း စိတ် မကောင်း ဖြစ် သွား ပါ သည်။ ဘယ်လို လုပ် အန်တီ စန္ဒာ ကို ပြော ရ ပါ့ မလဲ။
ဘန် စ ပြီး ပစ် ကို လိုက် ရှာ ပါ သည်။ ပထမ ဆုံး မီး ဖို ချောင် တွင် သွား ရှာ ပါ သည်။ သို့ သော် ပစ် ကို မ တွေ့ ပါ။
ဘန် တခြား အခန်း တွေ ကို ပြေး သွား ကြည့် ပါ သည်။ “ပစ် က အထဲ မှာ ပဲ ရှိ ရ အုန်း မယ်၊ ငါ သူ့ ကို တွေ့ မှ ဖြစ် မယ်။”
ဘန် ပစ္စည်း တွေ အနောက် behind မှာ ကြည့် တယ်။ အောက် under မှာ ကြည့် တယ်။ အပေါ် top မှာ ကြည့် တယ်။ သူ ပစ် ကို ဘယ် မှာ မှ မတွေ့ ဖြစ် နေ သည်။
အဲ့နောက် သူ ကြောင် ကို သွား တွေ့ သည်။ သူမ က ကုလား ထိုင် ပေါ် မှာ ထိုင် ပြီး လက် တွေ ကို ယက် နေ သည်။
“ဟာ သွား ပါ ပြီ” လို့ ဘန် က ပြော လိုက် သည်။ “နင် ပစ် ကို စား ပြစ် လိုက် ပြီ မှလား။ နင် အတော် ဆိုး တဲ့ ကြောင် ပဲ။ အန်တီ စန္ဒာ က တော့ စိတ် မကောင်း ဖြစ် နေ တော့ မှာ ပဲ။” ဘန် ငို ချင် သွား သည်။
ထိုအချိန် တွင် ဘန် လေချွန် သံ ကို ကြား လိုက် သည်။
“ဒါ ပစ် ထင် တယ်၊ သူ ဘယ် မှာ လဲ မသိဘူး။”
အဲ့ နောက် တစ်ခါ လေချွန် သံ ကို ထပ် ကြား ပြန် သည်။ နောက် ထပ် ကြား ပြန် သည်။ လေချွန် သံ က ရေချိုး ခန်း က လာ တာ ပဲ။
ဟော ပစ် က ဒီ မှာ ပြတင်း ပေါက် ဘေး မှာ ထိုင် နေ ပါ သည်။
“ကြောင် က မင်း ကို မစား ဘူး ပဲ” လို့ ဘန် က ပြော လိုက် သည်။
သူ ရေချိုး ခန်း တံခါး ကို ပိတ် လိုက် ပြီး လှောင် အိမ် သွား ယူ ပြီး ငှက် အစာ များ ကို ပို ထည့် ထား ပေး လိုက် သည်။
ဘန် ပြန် လာ သော အခါ ပစ် က ပြတင်း ပေါက် နား မှာ ပဲ ရှိ သေး သည်။
သူ လှောင်အိမ် ကို ချ ခဲ့ ပြီး တံခါး အပြင် မှ ချောင်း ကြည့် နေ လိုက် သည်။
ပစ် ဗိုက် အရမ်း ဆာ နေ ပြီ။ သူ လှောင် အိမ် ဆီ ပျံ လာ ပြီး အထဲ သို့ ခုန် ဝင် လိုက် သည်။
ဘန် လဲ အသာ ဝင် လာ ပြီး တံခါး လေး ကို ပိတ် လိုက် သည်။ ပစ် လှောင် အိမ် ထဲ မှာ စိတ် ချ ရ တော့ မှ ဘန် လဲ ဝမ်း သာ နိုင် တော့ သည်။
Behind အနောက် မှာ
Under အောက် မှာ
Top အပေါ် မှာ
No comments:
Post a Comment