အနက်ရောင်ပင့်ကူ
အနက် ရောင် ပင့်ကူ ဟာ သစ်ကိုင်း ကနေ လျှောက် လာ ပါ သည်။ “ငါ့ ရဲ့ ကပ်စေး တဲ့ ပင့်ကူ အိမ် spider web ကို ဒီ မှာ ရစ် မယ်” လို့ အနက် ရောင် ပင့် ကူ က ပြော လိုက် သည်။
မကြာ မီ မှာ ပဲ သူ့ ရဲ့ ပင့်ကူ အိမ် က ရစ် ပြီး သွား ပါ သည်။ အ လွန် ခိုင် ခံ့ တဲ့ ပင့်ကူ အိမ် လေး ဖြစ် ပါ သည်။
brown fly အညို ရောင် ယင် ကောင် လေး တစ် ကောင် သည် ပင့်ကူ အိမ် အပေါ် သို့ ပျံ သန်း လာ ပါ သည်။ “ဒီ နေ ရာ မျိုး မှာ အိမ် လာ လုပ် တာ တော် တော် မိုက် မဲ တာ ပဲ။ ကြိုး တွေ က လည်း မျှင်မျှင် လေး ရယ် တကောင် ကောင် က တည့်တည့် ဖြတ် ပျံ သွား လို့ ရ တာ ပဲ” လို့ ယင် ကောင် က ပြော လိုက် သည်။
ငါ လို ယင်ကောင် တောင် ဖြတ် ပျံ သွား လို့ ရ တယ် လို့ သူက ပြော လိုက် သည်။ အနက် ရောင် ပင့် ကူ က ပြုံး လိုက် သည်။ “ဒါ ဆို ပျံ ပြ လေ” လို့ သူက ပြန် ပြော လိုက် သည်။
ယင်ကောင် သေးသေး လေး က ပင့်ကူ ကို ပြုံး ပြ လိုက် သည်။ သူက ပင့်ကူ အိမ် ကို ဖြတ် ၍ ပျံသန်း လိုက် ပါ သည်။ တခဏ အတွင်း မှာ ပင် ယင်ကောင် ဟာ ကော် မှာ ကပ် သလို ကပ် သွား သည်။
“ကဲ ဘယ့်နှယ့် လဲ၊ ငါ့ ကပ်တဲ့ ပင့်ကူ ကြိုး” တွေ က မင်း ကို ဖမ်း လိုက် ပြီ လို့ ပင့်ကူ က ပြော လိုက် ပါ သည်။ ပြီး လျှင် သူက ယင် ကောင် ဆီ ကို ဖြည်းဖြည်း ချင်း လျှောက် သွား ပါ တော့ သည်။
Fly ယင်ကောင်
Brown အညိုရောင်
Spider web ပင့်ကူ အိမ်
No comments:
Post a Comment