Thursday, March 12, 2020

အထဲ တွင် သော့ခတ် မိ နေ ခြင်း

အထဲ တွင်  သော့ခတ် မိနေ ခြင်း



သူရိန် နှင့် သူ ၏ ဖေဖေ မေမေ တို့ သည် budgies ကြက်တူရွေး အမျိုး အစား အရောင်စုံ ငှက် ကလေး များ ကို ချစ် ကြ ပါ သည်။ အပြာ ရောင် ၊ အဝါ ရောင် ၊ အစိမ်း ရောင် နှင့် အဖြူ ရောင် ကဲ့ သို့ အရောင် စုံ ကြ ပါ သည်။ ထို ငှက် များ ကို သူတို့ အိမ် အနောက် ဖက် ပန်း ခြံ ထဲ တွင် လှောင် အိမ် အကြီး ကြီး ဖြင့် မွေး ထား ပါ သည်။ 



တနေ့ တွင် ဖေဖေ က လှောင် အိမ် တံခါး ကို သော့ တပ် ပါ သည်။ “ဒီသော့ က အမျိုး စား ကောင်း တယ်” လို့ သူရိန် ဖေဖေ က ပြော ပါ သည်။
“ကဲ အခု တော့ ဒီ ငှက် တွေ ကို လှောင် အိမ် ဖွင့် ပြီး ဘယ်သူ မှ ယူ လို့ မရ တော့ ဘူး ပေါ့” လို့ သူရိန် က ပြော လိုက် ပါ သည်။

နောက် တနေ့ တွင် ဖေဖေ က ဘတ်ဂျီ ငှက် များ ရှိ ရာ cage လှောင် အိမ် ဆီ ထွက် သွား ပါ သည်။ ငှက် ကျွေး ရန် အစာ များ လည်း ယူ သွား ပါ သည်။ သူ့ သော့ ဖြင့် လှောင် အိမ် ကို ဖွင့် ကာ အထဲ ကို ဝင် သွား ပါ သည်။
သူရိန့် ဖေဖေ က key သော့ တံ ကို လှောင် အိမ် အပြင် ဖက် တွင် ထား ခဲ့ မိ ၏။ 

ထို့ နောက် ရုတ် တရက် လေ တိုက် လိုက် သော အခါ တံခါး က ပိတ် သွား ပါ သည်။ အခု တော့ သူရိန့် ဖေဖေ မှာ လှောင် အိမ် inside ထဲ တွင် ပိတ် မိ နေ ပါ သည်။ သော့ သည် outside အပြင် တွင် ကျန် ခဲ့ ပါ သည်။
“ဟာ သွား ပါ ပြီ ကွာ” လို့ ဖေဖေ က ညည်း လိုက် ပါ သည်။
“သူရိန် က ကျောင်း မှာ၊ မေမေ က အပြင် ထွက် သွား တယ်၊ ငါ တော့ ဒီ မှာ ပဲ နေ ရ အုန်း မယ်။"



သူရိန် က ကျောင်း ကား ပေါ် က ဆင်း ပြီး အိမ် ထဲ ကို ပြေး ဝင် လာ ပါ သည်။ “ဖေဖေ ရေ ၊ သား ပြန် ရောက် ပြီ” လို့ အော် လိုက် ပါ သည်။ သို့ ပေမဲ့ ဖေဖေ က အိမ် ထဲ တွင် မရှိ ပါ။


သူရိန် က ကျောင်း က ပြန် ရောက် တော့ သူ့ အဖေ ကို အပြင် မှာ လိုက် ရှာ ပါ သည်။ “ဖေဖေ ရေ” လို့ အော် ခေါ် လိုက် ပါ သည်။ “ဘယ်မှာ လဲ။”
ဖေဖေ က သူရိန် ကို လှမ်း အော် ခေါ် ပါ သည်။ “ကယ်ကြ ပါ အုန်း ၊ ငါ ဒီ ဘတ်ဂျီ တွေ နေတဲ့ လှောင် အိမ် ထဲ မှာ ပိတ် မိနေ တယ်။”



သူရိန် က လှောင် အိမ် ဆီ ကို ပြေး သွား တယ်။ “ဖေဖေ့ ကြည့် ရ တာ ရယ်စရာ ကောင်း တယ်” လို့ သူရိန် က ပြော လိုက် ပါ သည်။ သူရိန် က စ ရယ် တော့ ဖေ ဖေ ပါ လိုက် ရယ် ပါ တော့ သည်။ "တော်တော့ ရယ် မနေ နဲ့ တော့ ငါ့ ကို သော့ ဖွင့် ပေး "လို့ ဖေဖေ က ပြော လိုက် ပါ သည်။



“ဟုတ်ပါ့ ၊ ဖေဖေ့ ကို သော့ ဖွင့် ပေး ရ မှာ၊” လို့ သူရိန် က ပြော လိုက် ပါ သည်။ တကယ့် ကို အ ပိတ် ကောင်း ပဲ လို့ ဖေဖေ က လဲ ပြော ပါ သည်။



လှောင်အိမ် cage
အတွင်း inside
အပြင် outside




No comments:

Post a Comment