Monday, March 16, 2020

အ လုပ် လုပ် တဲ့ လေယာဥ် ကလေး


အ လုပ် လုပ် တဲ့ လေယာဥ် ကလေး

ဂျက် က airport လေဆိပ် အကြီး ကြီး က pilot လေယာဉ်မှူး တယောက် ဖြစ် ပါ သည်။ သူ က ကုန် တင် တဲ့ လေ ယာဉ် များ ကို မောင်း ရ သည်။ ထို လေယာဉ် များ ကို လေ ကြောင်း လမ်း ဘေး က အိမ် ထဲ တွင် သိမ်း ထား ပါ သည်။

တနေ့ တွင် ဂျက် ကို လေဆိပ် မှ လူ တယောက် က ဖုန်း ဆက် ပါ သည်။ ခင်ဗျား လေယာဉ် သေး သေး လေး နဲ့ လာ ခဲ့ ပါ အုန်း ၊ ကျွန်တော် တို့ အကူ ညီ လို လို့ ပါ။
ဂျက် အင်ဂျင် ကို နှိုး လိုက် သည်။

လေယာဉ် သေးသေး လေး က ဖြည်းဖြည်း ချင်း လေယာဉ် ပြေး လမ်း ကြောင်း ပေါ် ကို ဆင်း သွား ပြီး လေယာဉ် ကြီး များ ဘေး တွင် ရပ် လိုက် သည်။
လေယာဉ် ကြီး များ က လေယာဉ် သေးသေး လေး ကို အထင် သေး စွာ လှောင် ပြောင် ကြ သည်။ “ဟေ့ တို့ လမ်း ကို ဖယ် ပေး ၊ ငါတို့ က ထွက် တော့ မှာ။”

လူ တယောက် က လေယာဉ် သေး လေး ဆီ သို့ ပြေး လာ ပြီး ဂျက် ကို အိတ် အကြီး ကြီး နှစ် လုံး ပေး ပါ သည်။
“တောင် ထိပ် က ယာခင်း ဆီ အဲ့ဒီ အိတ် ကြီး တွေ ကို ယူ သွား ပေး ပါ ဗျာ။ ဟို မှာ snow နှင်း တွေ အရမ်း ကျ နေ လို့ လယ် သမား တွေ အပြင် ထွက် လို့ မရ ဘူး။ သူတို့ မိသား စု တွေ အစား စား ဖို့ လို လို့ ပါ” လို့ ထို လူ က ပြော ပါ သည်။
ဂျက် က ထို အစား အစာ ထဲ့ ထား သော အိတ် ကြီး များ ကို လေယာဉ် လေး ပေါ် သို့ ဆွဲ တင် ပြီး လေကြောင်း ပြေး လမ်း က နေ ဖြည်း ဖြည်း ချင်း ထွက် ခွာ လာ ခဲ့ ပါ သည်။

လေယာဉ် သေး သေး လေး လည်း မြန် သထက် မြန် လာ သည်။ နောက် ကောင်း ကင် ပေါ် တက် သွား သည်။ နောက် အိမ် တွေ ပေါ် မှ လယ်ခင်း ဆီ သို့ သွား သည်။ ထို့ နောက် မကြာ မီ နှင်း တွေ ဖုန်း သော တောင် ကြီး ပေါ် သို့ ရောက် သွား သည်။ “ငါ ယာခင်း ကို တွေ့ နိုင် ပါစေ” လို့ ဂျက် ပြော လိုက် သည်။

လေယာဉ် ကလေး က တောင် ပေါ် မှာ ပတ် ကာ ပတ် ကာ ပျံ နေ သည်။ ဂျက် လဲ ယာခင်း အိမ် ကို ရှာ ရ သည်။ နောက် မှ သူ တွေ့ သွား သည်။ 
လယ်သမား ကြီး က အပြင် မှာ လေယာဉ် လေး ကို လက် ရမ်း ပြ နေ သည်။
“ဒီ နေရာ ဖြစ် ရ မယ်” လို့ ဂျက် အော် လိုက် သည်။

ဂျက် အစား အိတ် တွေ ကို တွန်း ချ လိုက် သည်။ အိတ် များ က လယ်သမား ကြီး ဘေး က နှင်း တွေ ပေါ် ကျ သွား သည်။
“ကျေးဇူး တင် ပါ တယ်” လို့ လယ်သမား ကြီး က အော် လိုက် သည်။ လေယာဉ် လေး လဲ လေဆိပ် ကို ပျံ သန်း လာ ခဲ့ သည်။

လေယာဉ် လေး က ဖြည်းဖြည်း ချင်း လေယာဉ် ကြီး များ ကို ကျော် ဖြတ် သွား သည်။ 
“ငါ ဒီနေ့ ကောင်း တဲ့ အလုပ် လုပ် လာ တာ ။ ငါ့ ကို အကူ ညီ လို တဲ့ သူကို ငါ helped ကူ ခဲ့ တယ်” လို့ လေယာဉ် လေး က ပြော လိုက် သည်။

Airport လေဆိပ်
Pilot လေယာဉ်မှူး 
Snow ဆီးနှင်း

No comments:

Post a Comment