Sunday, March 22, 2020

မီး ပြ တိုက် စောင့် ၏ ကြောင်

မီး ပြ တိုက် စောင့် ၏ ကြောင်


ဖိုးဝ သည် ဦး ဖိုးလုံး နှင့် ဒေါ်တုတ်ကြီး တို့ နှင့် အတူ အဖြူရောင် တိုက်ပု လေး တွင် နေ ထိုင် သည်။ ဦး ဖိုး လုံး သည် lighthouse မီး ပြ တိုက် စောင့် ဖြစ် သည်။


ဖိုး ဝ သည် တချို့ နေ့ များ တွင် ဦး ဖိုး လုံး နှင့် အတူ အလုပ် သွား သည်။ သူ က မီး ပြ တိုက် တွင် ကူ ရသည် ကို ကြိုက် သည်။
ဧည့် သည် များ လာ သော အခါ ဖိုး ဝ က လိုက် ပတ် ပြ ရ သည်။ 
“ခံ့ညား တဲ့ ကြောင် ကြီး ပဲ”။ လူ တွေ က ချီးကျူး ကြသည်။
ဖိုးဝ က မီး ပြ တိုက် ၏ ဘုရင် ဖြစ် သည်။


တချို့ ရက် များ တွင် ဒေါ် တုတ် ကြီး ကို ကူ လုပ် သည်။ သူမ ဥယျာဉ် ထဲ အပင် စိုက် ရာ တွင် ဖိုး ဝက တွင်း တူး ပေး သည်။
သူက ဟင်း ချက် ရာ တွင် လည်း ကူ ရ တာ ကြိုက် သည်။
အား လုံး ကို ငါး နဲ့ ချက်။ ဒါ က ဖိုးဝ ၏ ဆောင်ပုဒ်
ချော့ ကလက် ကိတ် မှာ တော့ ငါး မပါ ဘူး ဟု ဒေါ်တုတ်ကြီး က လည်း ဆိုသည်။



အချိန် တိုင်း လိုလို ဖိုးဝ အိပ် ရ တာကြိုက် သည်။ တည မှာ သူအိပ် ယာ ထဲမှာ ခွေ နေ တုန်း  ဦး ဖိုး လုံး နှင့် ဒေါ် တုတ် ကြီး တို့ စကား ပြော နေ သံ ကို ကြား လိုက် သည်။


“သူတို့ ဒီကနေ့ ထပ် လာ ကြ တယ်။ တကျွိ ကျွိ နဲ့ ခုန်ပေါက် ပြေး နေ ကြတယ်။ မီး ပြ တိုက် စစ်ဆေး ရေး တွေ နောက် အပတ် မှာလာ ကြ မယ်။ သူက ကြွက် တွေ က ဝါယာ ကြိုး တွေ ကို ကိုက် ဖြတ် လိမ့် မယ်” လို့ ပြော တယ်။
“ဖိုး ဝ ရော” လို့ ဒေါ် တုတ် ကြီး က မေး ၏။ သူ ရှင့် ကို ဖမ်း ပေး ချင် ဖမ်း ပေး မှာ ပေါ့။ 
“ငါတို့ ကြောင် ဖိုးဝ လား  ကြွက် ဖမ်း မှာ။ သူက အစား ကောင်း တွေ စား ပြီး အဝ လွန် နေတာ၊ သူ့ ကို ကောင်း ကောင်း ကျွေး မထား ရင် တော့ ဖမ်း ချင် ဖမ်း မှာ။ သူ မီး ပြ တိုက် ကို မသွား ခင် မနက် စာ မကျွေး ရင် ကြွက် တွေ ဖမ်း ချင် ဖမ်း ပေး မှာ”။ လို့ ဦး ဖိုး လုံး က ပြန် ပြော သည်။
“ရှင် က သူ့ ကို အငတ် ထား မလို့ လား။” လို့ ဒေါ် တုတ် ကြီး က ခပ် တိုးတိုး ပြော လိုက် သည်။
“ရှူး တိုးတိုး” ဟု ဒေါ် တုတ် ကြီးက ပြော လိုက် သည် ၊ သူ ရှင် ပြော တာ ကြား ရင် စိတ် မ ကောင်း ဖြစ် လိမ့် မယ်။

ဖိုး ဝ စိတ် မကောင်း ဖြစ် သွား သည်။
“မနက်စာ မကျွေး ဘူး။” သူမ က ပြော သည်။
“အငတ် ထား။” သူက ပြော သည်။

သူ့ whiskers နှုတ်ခမ်း မွှေး တွေ တုန် နေ တယ်။ ကြည့် သေး တာ ပေါ့။ ဘယ်သူ မှ မီး ပြ တိုက် ကြောင် ကို အငတ် မထား ဘူး လို့ သူ တွေး လိုက်သည်။


“သူတို့ ငါ့ ကို မချစ် တော့ ရင် ငါ တခြား မှာ သွား နေ တော့ မယ်။” မနက် စောစော မှာ ဖိုး ဝ အိမ် က ထွက် လာ ခဲ့ သည်။

သူရွာ ထဲ ကို သွား တဲ့ လမ်း တလျှောက် မှာ အကောင် မျိုး စုံ တွေ့ ရ တယ်။ တချို့ က သူ့ နောက် ကို ပြေး လိုက် ချင် ကြ တယ် ။ တချို့ က သူ နဲ့ ကစား ချင် ကြ တယ်။


အိမ် တအိမ် က ငါး ဟင်း နံ့ ရ တဲ့ အခါ သူ ပျော် သွား တယ်။ အင်း ငါးမန်း ဟင်း များ လား လို့ ဖိုး ဝ တွေး လိုက် သည်။
“မေမေ ရေ အိမ် ရှေ့ မှာ ကြောင် အကြီး ကြီး တကောင် လာ နေ တယ်။ သား တို့ သူ့ ကို အစာ ကျွေး လို့ ရ မလား ဟင်” လို့ ကောင် လေး က အော် မေး လိုက် သည်။


ဖိုးဝ သူတို့ ကျွေး တဲ့ မနက် စာ ကို ကြိုက် တယ်။ သူ ကလေး အကြီး တွေ နဲ့ ဆော့ ရတာ ကြိုက် တယ်။ သူတို့ နဲ့ ဖိုး ဝ ကြွက် ဖမ်း တိုင်း ကစား ကြ တယ်။
သူ ဘေဘီ ကို မကြိုက် ဘူး။ ဘေဘီ က သူ့ ပေါ် ကို လှိမ့် ချ ပြီး သူ့ နား ရွက် တွေ ကိုချေ တယ်။ 


“အင်း ဒီ အိမ် က မဆိုး ပါဘူး။ ငါ ဒီ အိမ် မှာ နေ မယ်" လို့ ဖိုး ဝ တွေး လိုက် သည်။
“ဒါက ဘာ လဲ။ ခုံ တွေ ပေါ် ခုန်တက် နေတာ ဒီ ကြောင် က သွား ။ လမ်း ဘေး ကြောင်” ။လို့ အမေ လုပ် သူက အော် မောင်း ထုတ် လိုက် သည်။
သူမ တံခါး ကို လဲ ပိတ် လိုက် သည်။
“ဟင်း။ ကြည့် သေး တာ ပေါ့။ မီးပြ တိုက် က ကြောင် ကို ဘယ်သူမှ မ အော် ရဘူး” လို့ ဖိုး ဝ တွေး လိုက် သည်။
နောက် သူ လမ်း မ ပေါ် ထွက် သွား လိုက် သည်။


ခပ်ဝဝ ကြောင် ပေါက်စ တ ကောင် က သစ် ပင် ပေါ် မှ သူ့ ပေါ် ကို ခုန် ချ လာ သည်။
“နင် ငါ နဲ့ ကစား ရင် ငါ့ အစာ နင့် ကို ခွဲ ပေး မယ်။”


ဖိုးဝ ကြောင် ပေါက်စ အိမ် က ကျွေး တဲ့ ဟင်း ကို ကြိုက် လွန်း လို့ ကြောင် လေး အတွက် မချန် မိဘူး။
ကြောင် လေး က သူ့ tail အမြီး ကို ယမ်း လိုက် တယ်။ ငါ နဲ့ ကစား ရင် ငါ့ bed အိပ် ယာ ပေး အိပ် မယ်။
ဖိုးဝ က သိပ် ကြီး လွန်း တော့ အိပ် ယာ လေး က ကြောင် လေး အတွက် နေရာ မရှိ တော့ ဘူး ပေါ့။
“ဒီ ကြောင် ဝါက သူငယ် ချင်း လား”။ ဒီတော့ ကြောင် လေး က “ဟင့်အင်း သူက ရှယ် မလုပ် ဘူး။ သူငယ်ချင်း မဟုတ် ဘူး” လို့ ပြန် ပြော လိုက် သည်။


ဒါပေမဲ့ ဖိုးဝ လေး က အဲ့ အိမ် မှာ နေချင် ရှာ သည်။ သူ စား ရ တာ ရော အိပ်ယာ ရော ကို ကြိုက် သည်။ 
“ငါ ဘယ်လောက် တော် လဲ ဆို တာ ပြ မယ်။ သူတို့ ငါ့ ကို ကြည့် အောင် လုပ် မယ်” လို့ ဖိုး ဝ တွေး လိုက် သည်။

ဒါပေမဲ့ အဘိုးအို နှင့် ကြောင် ကလေး က သူ့ ကို ဂရု မစိုက် ဘူး။ သူတို့ က ဟောက် တောင် နေ ပြီ။ ကြောင် လေး က လည်း တဂူး ဂူး နဲ့ အိပ် နေ ပြီ။ 
“အင်း ကြည့် ကြ သေး တာ ပေါ့။ ဘယ်သူ မှ မီး ပြတိုက် စောင့် ကြောင် ကို ဂရု မစိုက် လို့ မရဘူး” ဖိုးဝ တွေး မိ သည်။


ဒါပေမဲ့ သူ အကြာ ကြီး တော့ စိတ်ဆိုး မနေ ပါ ဘူး။ နေ ကြီး က သူ့ နှုတ်ခမ်း မွှေး ကို အ နွေး ဓါတ် ပေး လာ ပြီ။ ကြွက် ရဲ့ အနံ့ ကလည်း သူ့ နှုတ်ခမ်း မွှေး ကို ယား ကျိကျိ လုပ် လာ ပြီ။ 

ဖိုးဝ ခြံ တခြံ ကို တွေ့ တော့ မိုး ချုပ် လု နီး ပြီ။ သူ အိမ် ပတ်ပတ် လည် ကို ကြည့် လိုက် သည်။ မီး ပြ တိုက် ကြောင် အတွက် နေစရာ နေရာ မရှိ။ အင်း ကြွက် တွေ ကြွက် တွေ က တော့ နေ ရာ ပေး ချင် ပေး မယ်။။။

“ကြောင် တွေ၊”
သူတို့ တွေ က ဖိုး ဝ ကို တွေ့ ရ တာ မကျေနပ် ကြ ဘူး။
“ငါတို့ မင်း ကို မဖိတ် ထား ဘူး”။ လို့ ကြောင် ခဲ ရောင် က ပြော လိုက် သည်။
“ဒါ ငါတို့ နေရာ။ ငါတို့ ဘယ် တစိမ်း ကြောင် မှ မကြိုက် ဘူး” လို့ မျက်လုံး တလုံး နဲ့ ကြောင် က ပြော လိုက် သည်။
“ဒီကောင် ကို ဝိုင်း ရိုက် ကြ။ ဟေ့ကောင် မင်း ဒီ မှာ နေလို့ မရ ဘူး။”

ဖိုးဝ လည်း သစ်ပင် အမြင့် ကြီး ထိပ် ကို တကြိုး တည်း လစ် တက် ပြေး ရတယ်။
“ဟင်း ကြည့် ကြ သေး တာ ပေါ့။ ဘယ်သူမှ မီးပြ  တိုက် စောင့် ကြောင် ကို မာန်ဖီ ပြ လို့ မရဘူး”။ ဖိုးဝ တွေး လိုက် ပြန် သည်။
သူသစ် ကိုင်း ကြား က ချောင်း ကြည့် လိုက် တာ ကြောင် တွေ ရဲ့ မျက် လုံး တောက် တောက် တွေ တွေ့ နေ ရတယ်။ 
“အင်း ငါ ဒီ နေရာ မှာ ပဲ ခဏ တော့ နေ အုန်း မှပါ” လို့ ဖိုးဝ တွေး လိုက် သည်။

ရွာ ရဲ့ မီး ရောင် တွေ က သူ့ ပတ်ပတ် လည် မှာ မှိတ်တုတ် မှိတ် တုတ်နဲ့ ပေါ့။ ဝေး ဝေး နေ ရာ မှာ နောက် ထပ် အလင်း ရောင် က ထပ် ပေါ် နေ တယ်။
"ငါ့ ရဲ့ မီးပြ တိုက် ပဲ"။ ဖိုးဝ ထိုင် ကြည့် နေ တယ်။ 
နောက် ဦး ဖိုး လုံး နှင့် ဒေါ် တုတ် ကြီး အကြောင်း တွေး နေ သည်။ နောက် သူတို့ အိမ် ဖြူ လေး အကြောင်း တွေး နေ သည်။ သစ် ပင် က သစ် ရွက် တွေ လှုပ် နေ တယ်။ 
"အိမ် ပြန် ချိ်န် တန် ပြီ" လို့ ဖိုးဝ တွေး လိုက် သည်။
သစ်ပင် အောက် ကို ငုံ့ ကြည့် လိုက် တော့ သိပ် မှောင် နေ သော ကြောင့် အောက် ကို မ မြင် ရ ပေ။
"ငါ အောက် မဆင်း ချင် ဘူး။ ငါ အောက် ဆင်း လို့ လဲ မရ ဘူး။ ငါ အိမ် ပြန် ချင် တယ်။" ဖိုးဝ တွေး နေ သည်။


ဖိုးဝ တမြှောင် မြှောင် အော် နေ ပေ မဲ့ ဘယ်သူ မှ သူ့ ကို မကြား ကြ ပေ။ ထို့ နောက် မိုး ခြိမ်း သံ အကျယ် ကြီး နှင့် မိုး များ ပါ ရွာ ချ လာ ပါ သည်။
သူ ထပ် အော် ကြည့် တယ် ဒါ ပေ မဲ့ ဘယ်သူ မှ သူ့ ကို မကြား ကြ ချေ။ မကြာ ခင် မှာ ပဲ မိုး တိတ် သွား ပြီး ကြောင်ဝါ လေး လည်း အိပ် ပျော် သွား ပါ သည်။


ဒေါ် တုတ်ကြီး လည်း မိုး ခြိမ်း သံ ကို ကြား သည်။
"အိုး ဖိုး ဝ လေး သနား ပါ တယ်။ ဘယ်များ ရောက် နေ လဲ မသိဘူး။ ကြောက် များ ကြောက် နေ မလား" လို့ ဒေါ် တုတ် ကြီး စဉ်း စား နေ သည်။
ဒီတော့ ဦး ဖိုး လုံး က "မင်း ကြောင် ဖိုးဝ လား အဲ့ လို ဖြစ် မှာ ကွာ၊ သူက ကြောင် ပါး ရယ်၊ ဒီ ချိန် ဆို ဘယ် နေရာ မှာ ကွေး နေ မလဲ မသိဘူး။"
နောက် နေ့ မနက် မှာ တော့ ဒေါ် တုတ် ကြီး အိပ် ယာက စောစော ထ တယ်။ ဖိုးဝ အရိပ် ရောင် တော့ မတွေ့ ရ ပါ ဘူး။
"ငါ သူ့ ကို သွား ရှာ မှ ပါ။ သူ ဒဏ်ရာ ရ ချင် ရ နေ မှာ။"
သူမ မသွား ခင် ဟင်း ချက် လိုက် သည်။ ထို့ နောက် စက်ဘီး ဖြင့် ရွာ ဘက် သို့ ထွက် လာ လိုက် သည်။


ပတ် ကာ ပတ် ကာ ဆင်း လိုက် တက် လိုက် သူမ စက် ဘီး စီး ရ သည်။ ထို့ နောက် သူမ ရပ် ပြီး ခြင်း ထဲ က တစုံ တခု ကို ထုတ် လိုက် သည်။
ပျံလွှား တွေ က ရွာ နား က သစ် ပင် အမြင့် ကြီး နား ဝဲ နေ ကြ သည်။
"ဘာ အစာ ကို မြင် လို့ များ ပါ လိမ် ့ ။သူတို့ သစ် ပင် ပေါ် က ဘာ တွေ့ လို့ လဲ မသိ ဘူး "လို့ ဒေါ် တုတ် ကြီး တွေး လိုက် သည်။
ပျံလွှား သုံး ကောင် အသံ ကြောင့် ဖိုးဝ နိုး လာ သည်။ "မြှောင်!"
"ဖိုးဝ" လို့ ဒေါ် တုတ် ကြီး ခေါ် လိုက် သည်။ 
ဖိုးဝ အောက် သို့ ငုံ့ ကြည့် လိုက် သည်။ သူ့ နှုတ် ခမ်း မွှေး ထောင် သွား သည်။
ငါ ဒီ အနံ့ သိ ပါ တယ်။ 


ဒါ သူ အကြိုက် ဆုံး အစား စာ ငါး တွေ နဲ့ လုပ် ထား တဲ့ မုန့် ကို ဒေါ် တုတ် ကြီး သေချာ ချက် ယူ လာ တာ။ တကယ် တော့ သူတို့ ငါ့ ကို အစာ အငတ် မထား ဘူး ပဲ။
သူ တမြှောင် မြှောင် အော် လိုက် သည်။ "နင် တော် တော် မိုက် တဲ့ ကြောင် ပဲ" လို့ ဒေါ် တုတ် ကြီး က ချစ် စနိုး ပြော လိုက် သည်။
"ငါ လာ ခေါ် မယ်။"

သူမ မုန့် ကို ခြင်း တောင်း ထဲ ထည့် ပြီး သစ် ပင် ပေါ် သို့ တက် လိုက် သည်။
ဖိုးဝ ခြင်း တောင်း ထဲ က မုန့် ထဲ ကို ခုန် ဆင်း ရ တာ အရ သာ တွေ့ နေ သည်။ ထို့ နောက် ဒေါ် တုတ် ကြီး က ခြင်း ကို မြေ ကြီး ပေါ် သို့ နှိမ့် ချ လိုက် သည်။

ဦး ဖိုး လုံး ဖိုး ဝ ကို အိမ် မှာ ပြန် တွေ့ ရ တော့ ပျော် နေ သည်။ 
"အချိန် မှီ ပဲ။ ဖိုးဝ ငါ မင်း အကူညီ လို တယ်။ တကယ် လို့ ဒေါ် တုတ် ကြီး က နောက် ထပ် ငါး ပေါင်း မုန့် တခု ထပ် လုပ် ပေး ရင် မင်း က ကြွက် တွေ ကို တခြား နေရာ သွား နေ ဖို့ ဆွယ် ပေး မလား" လို့ ဦး ဖိုးလုံး က ပြော လိုက် သည်။ ဖိုး ဝ က "မြှောင်" လို့ အော် လိုက် သည်။

နောက် နေ့ မနက် တွင် ဖိုးဝ နှင့် ဦး ဖိုး လုံး မီး ပြ တိုက် ဆီ သို့ လှေ လေး ဖြင့် လာ ကြ သည်။
ဦး ဖိုး လုံး က အလုပ် လုပ် နေ တုန်း မှာ ဖိုး ဝ က ကြွက် တွေ ဆီ သွား လည် သည်။

မီး ပြ တိုက် ကို စစ်ဆေး ရေး များ လာ စစ် သော အခါ ကြွက် များ ပြေး လွှား အော် ဟစ် နေ တာ မတွေ့ ရ တော့ ချေ။
ဦး ဖိုးလုံး လည်း အရမ်း ဝမ်း သာပါ သည်။ သူ ဖိုးဝ ကို ပွတ် သပ် ပြီး "မင်းက တကယ် ကြွက် တွေ ကို မောင်း ထုတ် နိုင် တာပဲ" လို့ ပြော လိုက် သည်။
ကြွက် များ လည်း ပျော် ရွှင် ကြ သည်။ သူတို့ ကို ကျွေး ထား တဲ့ မုန့် ကို စား ပြီး အသံ မထွက် ကြ ပေ။
ဖိုးဝ အရမ်း ပျော် ပါ သည်။ သူ မီး ဖို ဘေး မှာ အညောင်း ဆန့် နေ သည်။
"အင်း ငါ မှန် တယ်။ ငါ က အတော်ဆုံး၊ အစွမ်း ဆုံး မီးပြ တိုက် စောင့် ကြောင် ပဲ" လို့ ဖိုးဝ တွေး လိုက် ပါ သည်။


lighthouse မီးပြတိုက်
whiskers နှုတ်ခမ်းမွှေး
tail အမြီး

No comments:

Post a Comment