Tuesday, March 31, 2020

ပင်လယ် ကမ်းခြေ အိမ်

ပင်လယ် ကမ်းခြေ အိမ်


"ဖေဖေ တို့ beach ပင်လယ် ကမ်း ခြေ ကို ၂ ရက် သွား နေ ကြ မယ်" လို့ အိလင်း နှင့် မာ သင် ကို ပြော ပါ သည်။ 
"ဟေး၊ ကောင်း လိုက် တာ။"
"သား တို့ ဘယ် မှာ အိပ် ရ မှာ လဲ" လို့ မာသင် က မေး ပါ သည်။


"သမီး တို့ ဖို့ ကမ်း ခြေ မှာ house အိမ် ရှိ လို့ လား" လို့ အိလင်း က လည်း မေး ပါ သည်။
"အင်း" လို့ ဖေဖေ က ပြော သည်။
"သားတို့ သမီး တို့ အတွက် အိမ် လာ ကြည့် ဒီ မှာ။"
"အပြင် ဘက် မှာ" လို့ အိလင်း က တအ့ံ တသြ ပြော ပါ သည်။


အိလင်း နှင့် မာ သင် တို့ အပြင် ကို ပြေး ထွက် သွား ကြ သည်။
မြက် ပေါ် တွင် box သေတ္တာ ကြီး တခု သွား တွေ့ သည်။
"သေတ္တာ၊"
"ငါတို့ ဒီ သေ တ္တာ ထဲမှာ မနေ နိုင် ဘူး လေ။"


"သမီး တို့ ကို နောက် နေ တာလား ဖေဖေ" လို့ အိလင်း က ပြော လိုက် သည်။
"သေတ္တာ ထဲ ကို ကြည့် လေ၊ အိမ် တွေ့ လိမ့် မယ်။"


အိလင်း နှင့် မာသင် တို့ သေတ္တာ ထဲ ကို ကြည့် လိုက် ကြ သည်။
"အိမ် လဲ မတွေ့ ပါ ဘူး" လို့ အိလင်း က ပြော သည်။
"ငါ တွေ့ တာ တော့ အပြာ ရောင် အိတ် အကြီး ကြီး ပဲ" လို့ မာသင် က ပြော သည်။



ဖေဖေ က အိတ် ကြီး ကို သေတ္တာ ထဲ က နေ ထုတ် ယူ လိုက် သည်။
သူတို့ တွေ အိတ် ထဲ ကို ကြည့် လိုက် ကြ သည်။


"A tent တဲ တ လုံး ပဲ" လို့ မာသင် က ပြော ပါ သည်။
"တဲ အပြာ ရောင် တလုံး" လို့ အိလင်း က ပြော ပါ သည်။


"အိလင်း။ ငါ တို့ ဒီ တဲ ထဲ မှာ အိပ် ရ မှာ" လို့ မာသင် က ပြော ပါ သည်။


beach ပင်လယ် ကမ်း ခြေ
house အိမ်
box သေတ္တာ



No comments:

Post a Comment