Saturday, March 28, 2020

အိပ်မက်များ

အိပ်မက်များ

လူတိုင်း အိပ်မက် မက် ကြ ပါ သည်။


ဖေဖေ လည်း အိပ်မက် မက် တယ်။
မေမေ လည်း အိပ်မက် မက် တယ်။
ကိုကို လည်း အိပ်မက် မက် တယ်။
မမ လည်း အိပ်မက် မက် တယ်။


ခွေး တွေ ရော အိပ်မက် မက် လား။
ကြောင် တွေ ရော အိပ်မက် မက် လား။


ကျွန်မ မနေ့ ည က အိပ်မက် မက် ပါ သည်။ အိပ်မက် ဆိုး ဖြစ် ပါ သည်။
ဘီလူး လို ဧရာ မ အကောင် ကြီး တွေ ပြတင်း ပေါက် အပြင်ဘက် မှာ လို့ မက် ပါ သည်။


ကျွန်မ အခန်း ထဲ မှာ တော့ ခြင်္သေ့ တွေ ကျား တွေ ရှိ ပါ သည်။ နဂါး လည်း ပါ ပါ သည်။


ကျွန်မ အိပ်မက် ထဲ တွင် ပျံ နိုင် ပါ သည်။
ထို ဘီလူး ကြီး တွေ ခြင်္သေ့ တွေ ကျား တွေ နဲ့ နဂါး တွေ က ဝေး ရာ ကို ကျွန်မ ပျံ သန်း ထွက် လာ နိုင် ပါ သည်။ သူတို့ ကျွန်မ ကို ဖမ်း လို့ မမှီ နိုင် ပါ ဘူး။


ဒီနေ့ ည မှာ ကျွန်မ မျက်လှည့် ပြည် ကို သွား လည် မယ်။ ကျွန်မ ဘီလူး ကြီး တွေ ကို ပျောက် အောင် လုပ် မယ်။ ကျွန်မ ခြင်္သေ တွေ ကျား တွေ နဲ့ နဂါး တွေ ကို တော့....


ခရု တွေ၊ ပေါက်ဖတ် တွေ နဲ့ ဖား တွေ အဖြစ် ပြောင်း ပစ် မယ်။



dream အိပ်မက်
lion ခြင်္သေ့

tiger ကျား

No comments:

Post a Comment