Monday, March 30, 2020

စာ သင် ခန်း အသစ် တခန်း

စာ သင် ခန်း အသစ် တခန်း


လူတချို့ ကျောင်း ကို ရောက် လာ ပါ သည်။ သူတို့ က ကစား ကွင်း ပတ် ပတ် လည် ကို အကာ ကာ လိုက် ပါ သည်။ 

ကလေး များ က ထို အကာ ကို လာ ကြည့် ကြ သည်။ “ဒါ က ဘာ အတွက် လဲ” လို့ ဝေဇင် က မေး ပါ သည်။ ဘယ် သူ မှ မသိ ပါ။
lorry လော်ရီ ကား တစီး ကျောင်း သို့ ရောက် လာ ပါ သည်။ ကား ပေါ် တွင် ဘလော့ အခံတုံး များ ပါ လာ ပါ သည်။ 
“အဲ့ဒါ တွေ က ဘာ အတွက် လဲ”။ လို့ ဘေလီ က မေး ပါ သည်။


ထို့ နောက် digger တူး စက် တစီး ရောက် လာ ပါ သည်။ ကလေး များ စိတ် လှုပ် ရှား ကြ ပါ သည်။
တချို့ လူ များ သည် ကစား ကွင်း ကို ဖြတ် ၍ တွင်း အရှည် ကြီး တူး ပါ သည်။
“ဘာ အတွက် လဲ” ဟု အား လုံး က မေး ပါ သည်။

အထဲ ဝင် ဖို့ အချိန် တန် ပြီ ၊ သို့ သော် ကလေး များ အား လုံး က မဝင် ချင် ကြ ပါ။ သူတို့ က တူး စက် ကြီး ကို သဘော ကျ နေ ကြ သည်။
ဆရာ မ မေ က တွင်း အရှည် ကြီး ကို ကြည့် ပြီး “အဲ့ဒါ စာသင် ခန်း အသစ် အတွက် လေ” လို့ ပြော ပြ ပါ သည်။

ကလေး များ စိတ် လှုပ် ရှား နေ ကြ သည်။ သူတို့ စာ သင် ခန်း အသစ် အကြောင်း သိချင် ကြ သည်။
ကလေး များ က စာအုပ် တွေ ဖတ် ကြ သည်။ ဝေဇင် က တူးစက် အကြောင်း စာအုပ် တအုပ် တွေ့ ပါ သည်။ ချမ်းချမ်း က တူး စက် ပုံ တပုံ ဆွဲ ဆေးချယ် ပါ သည်။

ဆရာမ မေ က ကလေး များ ကို အပြင် ကို ခေါ် လာ ပါ သည်။ သူတို့ တူးစက် အကြောင်း ပြော ကြ ပါ သည်။ ဆရာမ မေ က ဓါတ်ပုံ ရိုက် ယူ ပါ သည်။
ဘလော့ အတုံး များ ကို အား လုံး က ကြည့် ကြ ပါ သည်။ “စာသင် ခန်း က ဒီ အောက် ခံ အတုံးပေါ် က ဆောက် သွား မှာ” လို့ ဆရာမ မေ က ပြော ပါ သည်။


ထို့ နောက် ကရိန်း တစ် စီး ကျောင်း သို့ ရောက် လာ သည်။ ကလေး များ စိတ် လှုပ် ရှား ကြ သည်။ သူတို့ ကရိန်း မောင်း သူ ကို ကြည့် ကြ သည်။
“ကရိန်း က ဘာ အတွက် လဲ” လို့ ချမ်း ချမ်း က မေး သည်။
“စောင့် ကြည့် လေ” လို့ ဆရာ မ မေ က ပြော ပါ သည်။


ကလေး များ က ကရိန်း ကို စောင့် ကြည့် ကြ သည်။ ကရိန်း က စာသင်ခန်း ကို နံရံ အပေါ် သို့ မ တင် သည်။
လူ တိုင်း က စာသင် ခန်း ကို ကြည့် ကြ သည်။ “ချ မ ပြစ် နဲ့” လို့ ချက်ကြီး က ပြော လို်က် သည်။


ဘေလီ စာသင်ခန်း ကို ကြည့် လိုက် သည်။ တခုခု မှား နေ တယ်။ ဆရာမ မေ ရေ ၊ ဆရာမ မေ ရေ လို့ ဘေလီ က အော် ခေါ် လိုက် သည်။
“မအော် နဲ့ ဘေလီ”။ဟု ဆရာမ မေ က ပြော သည်။ ကရိန်း က စာသင်ခန်း ကို အောက် သို့ ချ လိုက် သည်။ သူက စာသင် ခန်း ကို ဘလော့ အတုံး များ အပေါ် သို့ တင် လိုက် သည်။


ကရိန်း က အမိုး ကို မ လာ ပြီး စာသင် ခန်း ပေါ် တင် လိုက် သည်။ တခုခု မှား နေ တယ်။
"ဆရာမ မေ" လို့ ဘေလီ က ခေါ်ပြန်သည်။ တခု ခု မှား နေ တယ်။
"မအော် နဲ့ ဘေလီ" လို့ ဆရာမ မေ က ပြော သည်။

အားလုံး က အံ့အား သင့် နေ ကြ သည်။ စာသင် ခန်း က ဇောက် ထိုး ကြီး ဖြစ် နေ သည်။ "အိုး ဘယ့်နဲ့ ဖြစ် တာလဲ" ဟု ဆရာမ မေ က လည်း ရေရွတ် နေ ပါ သည်။
"တခုခု မှား နေ တယ် လို့ သမီး ပြော သား ပဲ" လို့ ဘေလီ က ဆို လိုက် သည်။ သို့ သော် ဘယ်သူ မှ သူမ ပြော တာ နား မထောင် ကြ ဘူး။

ကရိန်း က စာသင်ခန်း ကို ပြန် တည့် တင် ပေး ပါ သည်။ ကလေး အား လုံး အထဲ သို့ ဝင် ကြည့် ကြ သည်။
ကလေး များ အထဲ ရောက် သော အခါ ဝေဇင် က တံခါး တပေါက် ကို တွေ့ သွား သည်။
"ဒါက ဘာ လဲ" လို့ မေး လိုက် သည်။


အား လုံး အံ့အား သင့် သွား ကြ သည်။
“ဟာ” လို့ ဝေဇင် က ဆို လိုက် ပါ သည်။


Classroom စာသင်ခန်း
Lorry လော်ရီကား ။ ကုန်တင်ကား
Digger မြေတူးစက်
crane ကရိန်း 

No comments:

Post a Comment